YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 10:1-10

ရှင်လုကာ 10:1-10 JBMLE

ထို​နောက်​မှ သ​ခင်​ဘု​ရား​သည် အ​ခြား​သော​တ​ပည့်​တော် ခု​နစ်​ကျိပ်​တို့​ကို ခန့်​ထား​တော်​မူ၍၊ ကိုယ်​တိုင်​ကြွ​လေ​အံ့​သော မြို့​ရွာ​အ​ရပ်​ရပ်​တို့​သို့ ရှေ့​တော်၌ နှစ်​ယောက်​စီ နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၏။- သူ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။ ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စ​ပါး​ရှင် စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- သင်​တို့​သွား​လေ​သည်​အ​ရာ​မှာ၊ တော​ခွေး​စု​ထဲ​သို့ သိုး​သ​ငယ်​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။- ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​တို့​ကို မ​ဆောင်​ကြ​နှင့်။ လမ်း၌​သွား​စဉ်​တွင် အ​ဘယ်​သူ​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။- မည်​သည့်​အိမ်​သို့ ဝင်​သော​အ​ခါ၊ ဤ​အိမ်၌ မင်္ဂ​လာ​ဖြစ်​ပါ​စေ​သော​ဟု ရှေ့​ဦး​စွာ​ပြော​ကြ​လော့။ ထို​အိမ်၌ မင်္ဂ​လာ​သား​ရှိ​လျှင်၊ သင်​တို့​မြွက်​သော မင်္ဂ​လာ​သည် တည်​လိမ့်​မည်။- သို့​မ​ဟုတ် သင်​တို့​ထံ​သို့ ပြန်​လာ​လိမ့်​မည်။ ထို​အိမ်၌​နေ၍ အ​စား​အ​သောက်​စီ​ရင်​ရာ​ကို စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို​ခံ​ထိုက်​ပေ၏။ တစ်​အိမ်​မှ​တစ်​အိမ်​သို့ လှည့်​လည်၍ မ​သွား​ကြ​နှင့်။- အ​ကြင်​မြို့​သို့​သင်​တို့​ဝင်၍ မြို့​သား​တို့​သည်​လက်​ခံ၏။ ထို​မြို့၌ သင်​တို့​ရှေ့​မှာ​ထည့်​သ​မျှ​ကို စား​ကြ​လော့။- လူ​နာ​များ​ကို ချမ်း​သာ​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် သင်​တို့၌ တည်​ထောင်​သော အ​ချိန်​နီး​ပြီ​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။- အ​ကြင်​မြို့​သို့​ဝင်၍ မြို့​သား​တို့​သည် လက်​မ​ခံ​အံ့၊ ထို​မြို့၏​လမ်း​သို့ ထွက်​ပြီး​လျှင်၊ ငါ​တို့၌​ကပ်​သော သင်​တို့​မြို့၏ မြေ​မှုန့်​ကို ငါ​တို့​ခါ​လိုက်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။