ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ ထိုမှတစ်ပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။- ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိဟု ပြောဆိုလျှင်၊- မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။ ထိုအခါ မာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တစ်မြို့သို့ အလျင်အမြန် သွားပြီးလျှင်၊- ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။- ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။- အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။- သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည် ရွှင်မြူးသောစိတ်နှင့် ခုန်၏။- ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
ရှင်လုကာ 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 1:35-45
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ