YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:26-38

ရှင်လုကာ 1:26-38 JBMLE

ငါး​လ​လွန်​သော​အ​ခါ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့၌ ဒါ​ဝိဒ်​အ​မျိုး​သား၊ ယော​သပ်​အ​မည်​ရှိ​သော​လူ​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍၊- မ​ယှက်​တင်​သေး​သော သ​တို့​သ​မီး​က​ညာ​ဆီ​သို့ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​ကို စေ​လွှတ်​တော်​မူ၏။ သ​တို့​သ​မီး​က​ညာ​ကား၊ မာ​ရိ​အ​မည်​ရှိ၏။- ကောင်း​ကင်​တ​မန်​သည် ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​ကို​ခံ​ရ​သော မိန်း​မ၊ သင့်​အား​မင်္ဂ​လာ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် အ​တူ​ရှိ​တော်​မူ၏။ သင်​သည် မိန်း​မ​တ​ကာ​တို့​ထက် မြတ်​စွာ​သော မင်္ဂ​လာ​ရှိ​သည်​ဟု ပြော​ဆို၏။- မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​လျှင် စိတ်​နှ​လုံး မ​ငြိမ်​မ​ဝပ်​ရှိ၍၊ ဤ​နှုတ်​ဆက်​ခြင်း​ကား အ​ဘယ်​သို့​သော နှုတ်​ဆက်​ခြင်း​ဖြစ်​လိမ့်​မည်​နည်း​ဟု တွေး​တော​ဆင်​ခြင်၍​နေ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မျက်​နှာ​ရ​ပြီ။- သင်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို ယေ​ရှု​အ​မည်​ဖြင့် မှည့်​ရ​မည်။- ထို​သား​သည်​ကား၊ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ အ​မြင့်​ဆုံး​သော ဘု​ရား၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သူ့​အ​ဘ​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား​ပေး​တော်​မူ​မည်။- ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။ မာ​ရိ​က​လည်း၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​နည်း။ အ​ကျွန်ုပ်​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​ပါ​ဟု ကောင်း​ကင်​တ​မန်​အား ပြန်​ပြော၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထို​မှ​တစ်​ပါး၊ အ​မြုံ​မ​ဟူ၍​ခေါ်​ဝေါ်​သော​သင်၏ အ​ဆွေ​အ​မျိုး​ဧ​လိ​ရှ​ဗက်​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ ယ​ခု ခြောက်​လ​အ​ဝင်​ရှိ​ပြီ။- ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မ​မူ​သော​အ​မှု မ​ရှိ​ဟု ပြော​ဆို​လျှင်၊- မာ​ရိ​က၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​မ​ဖြစ်​ပါ၏၊ ကိုယ်​တော်၏​စ​ကား​အ​တိုင်း အ​ကျွန်ုပ်၌ ဖြစ်​ပါ​စေ​သော​ဟု ဝန်​ခံ​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​သွား​လေ၏။

​ရှင်လုကာ 1:26-38 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။