YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:18-23

ရှင်လုကာ 1:18-23 JBMLE

ဇာ​ခ​ရိ​က​လည်း၊ ထို​သို့​ဖြစ်​လိမ့်​မည်​ကို အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သိ​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည် လူ​အို​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​မ​ယား​သည်​လည်း အ​သက်​အ​ရွယ်​ကြီး​ရင့်​ပါ​ပြီ​ဟု ကောင်း​ကင်​တ​မန်​အား ပြော​ဆို​လျှင်၊- ကောင်း​ကင်​တ​မန်​က၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ခ​စား​သော ဂါ​ဗြေ​လ​ဖြစ်၏။ သင့်​ကို နှုတ်​ဆက်၍ ဤ​ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။- သင်​သည် ငါ့​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ မ​ဖြစ်​မီ​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ၊ အ​လျက်​နေ​လိမ့်​မည်။ ငါ့​စ​ကား​သည်​ကား၊ အ​ချိန်​တန်​လျှင် ပြည့်​စုံ​လိမ့်​မည်​ဟု ပြော​ဆို၏။ လူ​များ​တို့​သည် ဇာ​ခ​ရိ​ကို ငံ့​လင့်၍၊ ဗိ​မာန်​တော်​အ​တွင်း၌ ကြာ​မြင့်​စွာ​နေ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏။- သူ​သည်​ထွက်​လာ​သော​အ​ခါ စ​ကား​မ​ပြော​နိုင်​သည် ဖြစ်၍၊ ဗိ​မာန်​တော်၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ပြီ​ဟု ရိပ်​မိ​ကြ၏။ ဇာ​ခ​ရိ​သည်​သူ​တို့​အား အ​ရိပ်​အ​မှတ်​ကို​သာ​ပေး၍ စ​ကား​အ​လျက် နေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ချိန်​ကာ​လ ကုန်​သော​အ​ခါ၊ ဇာ​ခ​ရိ​သည် မိ​မိ​အိမ်​သို့ သွား​လေ၏။