YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:1-7

ရှင်လုကာ 1:1-7 JBMLE

ရှေ့​ဦး​စွာ​မှ​စ၍ ကိုယ်​တိုင်​မြင်​သော သက်​သေ​ဖြစ်​လျက်၊ နှုတ်​က​ပတ်​တော်​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည်၊- ငါ​တို့​တွင် ထင်​ရှား​စွာ​ဖြစ်​လေ​ပြီး​သော အ​တ္ထု​ပ္ပ​တ္တိ​များ​ကို ငါ​တို့​အား​ကြား​ပြော​သည် အ​စဉ်​အ​တိုင်း မှတ်​သား​သော​စာ​ကို စီ​ရင်​ရေး​ထား​သော​သူ အ​များ​ရှိ​ကြ​သည် ဖြစ်၍၊- ငါ​သည်​လည်း ထို​အ​တ္ထု​ပ္ပ​တ္တိ​အ​လုံး​စုံ​တို့​ကို ရှေ့​ဦး​စွာ​မှ​စ၍၊- စေ့​စေ့​ဖွေ​ရှာ လိုက်​စစ်​ပြီး​လျှင်၊ ကိုယ်​တော်​သင်​ပြီး​သော အ​ကြောင်း​အ​ရာ​တို့​သည် ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း​ကို ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ အ​စဉ်​အ​တိုင်း​ရေး​ထား၍ ကြား​လိုက်​မည်​အ​ကြံ​ရှိ​ပါ၏၊ အ​လွန်​မြတ်​သော​သော်​ဖိ​လု။ ယု​ဒ​ပြည်​ကို​အ​စိုး​ရ​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ အ​ဘိ​ယ​အ​သင်း​အ​ဝင် ဖြစ်၍၊ ဇာ​ခ​ရိ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ၏။ သူ၏​ခင်​ပွန်း​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ဖြစ်၏။ သူ့​အ​မည်​ကား ဧ​လိ​ရှ​ဗက်​တည်း။- ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော် အ​မျိုး​မျိုး​တို့​ကို ကျင့်​ဆောင်၍ အ​ပြစ်​တင်​ခွင့်​နှင့်​လွတ်​သ​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ ရှိ​ကြ၏။- ဧ​လိ​ရှ​ဗက်​သည် မြုံ​သော​ကြောင့် သူ​တို့​သည် သား​မ​ရှိ။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သက်​အ​ရွယ် ကြီး​ရင့်​ကြ၏။