YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 26:3-12

ဝတ်ပြုရာ 26:3-12 JBMLE

သင်​တို့​သည်၊ ငါ့​ထုံး​ဖွဲ့​ရာ​လမ်း​သို့​လိုက်၍၊ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​စောင့်​လျှင်၊ အ​ချိန်​တန်​မှ ငါ​သည်​သင်​တို့​အ​ဖို့ မိုး​ရွာ​စေ​သ​ဖြင့်၊ မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဥ​ယျာဉ်​အ​ပင်​တို့​သည် အ​သီး​သီး​ကြ​လိမ့်​မည်။ စ​ပါး​နင်း​နယ်​သော​အ​မှု​သည်၊ စ​ပျစ်​သီး​ညှစ်​ရာ​ကာ​လ​တိုင်​အောင်​လည်း​ကောင်း၊ စ​ပျစ်​သီး​ညှစ်​သော​အ​မှု​သည်၊ မျိုး​စေ့​ကြဲ​ရာ ကာ​လ​တိုင်​အောင်​လည်း​ကောင်း မီ​သ​ဖြင့်၊ သင်​တို့​သည်​ဝ​စွာ​စား၍၊ ကိုယ်​ပြည်၌​ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။ သင်​တို့​ပြည်၌ စစ်​မှု​ကို​ငါ​ငြိမ်း​စေ၍၊ ခြိမ်း​ခြောက်​သော​သူ​မ​ရှိ​ဘဲ သင်​တို့​သည် အိပ်​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သား​ရဲ​တို့​ကို​လည်း ငါ​ပယ်​ရှား​မည်။ တစ်​ပြည်​လုံး​သည် ဓား​ဘေး​နှင့် ကင်း​လွတ်​လိမ့်​မည်။ သင်​တို့​သည် ရန်​သူ​များ​ကို​လိုက်၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။ သင်​တို့​တွင် လူ​ငါး​ယောက်​သည် ရန်​သူ​တစ်​ရာ​ကို လိုက်​လိမ့်​မည်။ လူ​တစ်​ရာ​သည် ရန်​သူ​တစ်​သောင်း​ကို​ပြေး​စေ၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။ သင်​တို့​ကို​ငါ​စောင့်​မ​သ​ဖြင့် တိုး​ပွား​များ​ပြား​စေ၍၊ သင်​တို့​နှင့်​ငါ​ပြု​သော ပ​ဋိ​ညာဉ်​ကို ငါ​မြဲ​မြံ​စေ​မည်။ သို​ထား​သော စ​ပါး​ဟောင်း​ကို​စား၍​မ​ကုန်​မီ၊ စ​ပါး​သစ်​ပေါ်​သော​ကြောင့်၊ အ​ဟောင်း​ကို​ထုတ်​ရ​ကြ​မည်။ ငါ​သည်​စက်​ဆုပ်​ရွံ​ရှာ​ခြင်း​မ​ရှိ​ဘဲ သင်​တို့​တွင် တဲ​တော်​ကို​တည်​မည်။ သင်​တို့​တွင်​လည်း​လှည့်​လည်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။

​ဝတ်ပြုရာ 26:3-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။