YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 19

19
သ​န့်​ရှင်း​ခြင်း​နှ​င့်​တ​ရား​မျှ​တ​ခြင်း
1-2တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။ 3လူ​တိုင်း ကိုယ်​မိ​ဘ​ကို​ရို​သေ​ရ​မည်။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​လည်း စောင့်​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 4ရုပ်​တု​ဆင်း​တု​ကို​လည်း မ​ချဉ်း​မ​ကပ်​ရ။ ကိုယ်​အ​ဖို့ သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 5မိတ်​သ​ဟာ​ယ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်၊ စိတ်​တော်​နှင့်​တွေ့​အောင် ပူ​ဇော်​ရ​မည်။ 6ပူ​ဇော်​သော​နေ့​နှင့် နက်​ဖြန်​နေ့၌ စား​ရ​မည်။ သန်​ဘက်​နေ့​တိုင်​အောင် ကျန်​ကြွင်း​လျှင် မီး​ရှို့​ရ​မည်။ 7သန်​ဘက်​နေ့၌ အ​နည်း​ငယ်​ကို​မျှ​စား​လျှင် ရွံ​ရှာ​ဖွယ်​ဖြစ်၏။ စိတ်​တော်​နှင့်​မ​တွေ့။ 8စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ 9ကိုယ်​မြေ၌​ဖြစ်​သော စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင်​မ​ရိတ်​ရ။ သိမ်း​ရာ​တွင် ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ 10ကိုယ်​စ​ပျစ်​သီး​ကို​လည်း အ​ကုန်​အ​စင်​မ​သိမ်း​ရ။ ကျန်​ကြွင်း​သော​အ​သီး​ကို ပြန်၍​မ​ဆွတ်​ရ။ ထို​အ​သီး​ကို​ဆင်း​ရဲ​သော​သူ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။
11သူ့​ဥ​စ္စာ​ကို မ​ခိုး​ရ။ သူ​တစ်​ပါး​ကို မ​လှည့်​စား​ရ။ တစ်​ယောက်​ကို​တစ်​ယောက် မု​သား​စ​ကား​မ​ပြော​ရ။ 12ငါ့​နာ​မ​ကို​တိုင်​တည်၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​ခြင်း​ကို​မ​ပြု​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 13ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့်​မ​သိမ်း​ရ။ အ​နိုင်​အ​ထက်​ပြု၍ မ​ယူ​ရ။ သူ​ငှား​ခံ​ထိုက်​သော​အ​ခ​ကို တစ်​ည​လုံး​နံ​နက်​တိုင်​အောင် မ​ထား​ရ။ 14နား​ပင်း​သော​သူ​ကို မ​ကျိန်​ဆဲ​ရ။ မျက်​စိ​မ​မြင်​သော​သူ​ရှေ့​မှာ ထိ​မိ၍​လဲ​စ​ရာ​ကို မ​ထား​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 15တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။ 16သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 17သင်၏​ညီ​အစ်​ကို​ကို စိတ်​အ​ခု​အ​ခံ​မ​ရှိ​ရ။ ကိုယ်​နှင့် စပ်​ဆိုင်​သော​သူ၌​ရှိ​သော​အ​ပြစ်​ကို တတ်​တိုင်း​မ​ရှိ​စေ​ဘဲ၊ သူ့​ကို​အ​မှန်​ဆုံး​မ​ရ​မည်။ 18သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။
19ငါ၏​ပ​ညတ်​တ​ရား​ကို သင်​တို့​သည်​စောင့်​ရ​ကြ​မည်။ အ​မျိုး​ခြား​သော တိ​ရ​စ္ဆာန်​အ​ထီး​အ​မ​တို့​ကို မ​ယှက်​မ​တင်​စေ​ရ။ ခြား​နား​သော မျိုး​စေ့​ကို​ရော​နှော၍ လယ်၌​မ​ကြဲ​ရ။ ဝါ​နှင့် သိုး​မွေး​ရော၍​ရက်​သော​အ​ဝတ်​ကို မ​ဝတ်​ရ။ 20ထိမ်း​မြား​ဆောင်​နှင်း​လျက်၊ မ​ရွေး​မ​လွှတ်​သေး​သော ကျွန်​မိန်း​မ​နှင့် သင့်​နေ​သော​သူ​သည် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​မည်။ ထို​မိန်း​မ​သည် သူ့​ကျွန်​ဖြစ်​သော​ကြောင့် သေ​ပြစ်​နှင့်​လွတ်​ရ​မည်။ 21ယောက်ျား​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​နား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။ 22ထို​ယောက်ျား​ပြု​မိ​သော​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​သိုး​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ပူ​ဇော်​ရ​မည်။ ထို​ယောက်ျား​သည် အ​ပြစ်​လွတ်​ခြင်း​သို့​ရောက်​လိမ့်​မည်။ 23သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍၊ စား​အပ်​သော​အ​ပင်​အ​မျိုး​မျိုး​ကို စိုက်​ပြီး​မှ၊ သုံး​နှစ်​ပတ်​လုံး​သီး​သော​အ​သီး​ကို၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​သီး​ဟူ၍ မှတ်​ရ​မည်။ ထို​အ​သီး​ကို မ​စား​ရ။ 24စ​တု​တ္ထ​နှစ်​တွင် သီး​သော​အ​သီး​ရှိ​သ​မျှ​သည်​သန့်​ရှင်း၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ဖို့​ရာ ဖြစ်​ရ​မည်။ 25ပ​ဥ္စ​မ​နှစ်​တွင် သီး​သော​အ​သီး​ကို​စား​ရ​မည်။ ထို​သို့​ပြု​လျှင် အ​ပင်​တို့​သည် သာ၍​သီး​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 26အ​သွေး​ပါ​သော အ​သေ​ကောင်​ကို မ​စား​ရ။ မ​ကောင်း​သော အ​တတ်​ကို​မ​ပြု​စု​ရ။ ကာ​လ​ဗေ​ဒင်​ကို မ​ကြည့်​ရ။ 27ဦး​ခေါင်း​အ​နား​ပတ်​လည်၌ ဆံ​ပင်​ကို​ဝန်း၍​မ​ရိတ်​ရ။ ပါး​မုန်း​ကို​လည်း မ​ရိတ်​ရ။ 28သေ​သော​သူ​အ​တွက် ကိုယ်​အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ သံ​ပူ​မ​ထိုး​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 29ကိုယ်​သ​မီး​ကို ပြည့်​တန်​ဆာ​ဖြစ်​စေ​ခြင်း​ငှာ မ​ရှုတ်​မ​ချ​ရ။ သို့​ပြု​လျှင် တစ်​ပြည်​လုံး​သည် မ​တ​ရား​သော​မေ​ထုန်​သို့​လိုက်၍၊ အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​လိမ့်​မည်။ 30ငါ့​ဥ​ပုသ်​နေ့​တို့​ကို​စောင့်၍၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရို​သေ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 31ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ​ခြင်း​ငှာ၊ နတ်​ဝင်​သူ​ကို​မ​မှီ​ဝဲ​ရ။ စုန်း​လုပ်​သူ​ကို​လည်း မ​ရှာ​ဖွေ​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 32ဆံ​ပင်​ဖြူ​သော​သူ​ရှေ့​မှာ ထ​ရ​မည်။ အ​သက်​ကြီး​သော​သူ၏​မျက်​နှာ​ကို ရို​သေ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 33သင်၏​ပြည်၌ တည်း​နေ​သော​ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ 34သင်​နှင့်​အ​တူ​နေ​သော ဧည့်​သည်​ကို ကိုယ်​အ​မျိုး​သား​ချင်း​ကဲ့​သို့ မှတ်​ရ​မည်။ ကိုယ်​နှင့်​အ​မျှ ချစ်​ရ​မည်။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 35တိုင်း​ထွာ​သော​အ​မှု၊ ချိန်​တွယ်​သော​အ​မှု၊ ခြင်​တွက်​သော​အ​မှု၌ မ​တ​ရား​စွာ​မ​ပြု​ရ။ 36မှန်​သော​ချိန်​ခွင်၊ မှန်​သော​အ​လေး၊ မှန်​သော​ဧ​ဖာ၊ မှန်​သော​ဟိန်​တို့​ကို သုံး​ရ​မည်။ ငါ​သည်​သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 37သင်​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ