YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 16:20-22

ဝတ်ပြုရာ 16:20-22 JBMLE

ထို​သို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြီး​စီး​ပြီး​မှ၊ အ​သက်​ရှင်​သော​ဆိတ်​ကို ဆောင်​ခဲ့​ရ​မည်။ အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။ သူ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို၊ လူ​မ​နေ​သော အ​ရပ်​သို့​ဆောင်​သွား​သော​ထို​ဆိတ်​ကို တော၌​လွှတ်​လိုက်​ရ​မည်။