YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 16

16
အ​ပြစ်​ဖြေ​ရာ​နေ့
1အာ​ရုန်၏​သား​နှစ်​ယောက်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍ သေ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2သင်၏​အစ်​ကို​အာ​ရုန်​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော​အ​ဖုံး​ကို ကွယ်​ကာ​သော ကု​လား​ကာ​အ​တွင်း​သို့ အ​ခါ​ခပ်​သိမ်း​မ​ဝင်​စေ​ခြင်း​ငှာ ဆင့်​ဆို​လော့။ ငါ​သည် သေ​တ္တာ​ဖုံး​အ​ပေါ်၊ မိုး​တိမ်၌​ထင်​ရှား​မည်။ 3အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။ 4သန့်​ရှင်း​သော​ပိတ်​ချော​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်၍၊ ပိတ်​ချော​ခါး​ပန်း​ကို စည်း​ရ​မည်။ ပိတ်​ချော​ဗောင်း​ကို​လည်း ဆောင်း​ရ​မည်။ ထို​အ​ဝတ်​တန်​ဆာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ ကိုယ်​ကို​ရေ​ချိုး​ပြီး​မှ ဝတ်​ဆင်​ရ​မည်။ 5အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​နှစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​လက်​မှ ခံ​ယူ​ရ​မည်။ 6အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော မိ​မိ​အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​ပူ​ဇော်၍၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ 7ဆိတ်​နှစ်​ကောင်​ကို​လည်း​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။ 8အာ​ရုန်​သည် ထို​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​တစ်​တံ၊ လွတ်​လပ်​လ​ဟာ​အ​ဖို့​တစ်​တံ၊ စာ​ရေး​တံ​နှစ်​တံ​ချ၍၊ 9ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို​ဆောင်​ခဲ့၍ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။ 10လွတ်​လပ်​လ​ဟာ​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို၊ အ​သက်​ရှင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆက်၍၊ သူ့​အ​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​လျှင်၊ တော၌ လွတ်​လပ်​လ​ဟာ​သို့ လွှတ်​လိုက်​ရ​မည်။
11အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို ဆောင်​ခဲ့​ပြီး​လျှင်၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍၊ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို သတ်​ရ​မည်။ 12ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​မီး​ခဲ​နှင့် ပြည့်​သော လင်​ပန်း​ကို​ကိုင်​လျက်၊ ညက်​စွာ​သော နံ့​သာ​ပေါင်း​မွှေး​အ​မှုန့်​ကို မိ​မိ​လက်၌​အ​ပြည့်​ယူ၍၊ ကု​လား​ကာ​အ​တွင်း​သို့ ဆောင်​သွား​ရ​မည်။ 13ထို​အ​ခါ​သူ​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ နံ့​သာ​ပေါင်း​အ​ခိုး​အ​ငွေ့​သည် သက်​သေ​ခံ​ချက်​အ​ပေါ်​မှာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို မွှန်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို မီး​ပေါ်​မှာ​တင်​ရ​မည်။ 14နွား​အ​သွေး​အ​ချို့​ကို​လည်း​ယူ၍ အ​ရှေ့​မျက်​နှာ​ဘက် သေ​တ္တာ​ဖုံး​အ​ပေါ်၌ လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။ သေ​တ္တာ​ဖုံး​ရှေ့၌​လည်း ခု​နစ်​ကြိမ်​တိုင်​အောင် လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။
15ထို​နောက် လူ​များ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​သတ်၍၊ အ​သွေး​ကို ကု​လား​ကာ​အ​တွင်း​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ နွား​အ​သွေး​ကို ဖျန်း​သ​ကဲ့​သို့၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌​လည်း​ကောင်း၊ ရှေ့၌​လည်း​ကောင်း ဖျန်း​ရ​မည်။ 16ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပြစ်​မှား​သော အ​ပြစ်​အ​မျိုး​မျိုး​တို့​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​ထဲ​မှာ​နေ​ရ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့ ပြု​ရ​မည်။ 17သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဝင်​သော​အ​ခါ၊ မိ​မိ​အ​ဖို့၊ မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့၊ ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ မ​ထွက်​မီ​တိုင်​အောင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​မှာ အ​ဘယ်​သူ​မျှ​မ​နေ​ရ။ 18နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​သို့​ထွက်​လာ၍ ထို​ပ​လ္လင်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ နွား​အ​သွေး၊ ဆိတ်​အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပတ်​လည် ဦး​ချို​တို့၌​ထည့်​ရ​မည်။ 19ယဇ်​ပ​လ္လင်​အ​ပေါ်၌​လည်း ထို​အ​သွေး​ကို​လက်​ညှိုး​နှင့် ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​မှ စင်​ကြယ်​သန့်​ရှင်း​စေ​ရ​မည်။
ဓား​စာ​ခံ​ဆိတ်
20ထို​သို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြီး​စီး​ပြီး​မှ၊ အ​သက်​ရှင်​သော​ဆိတ်​ကို ဆောင်​ခဲ့​ရ​မည်။ 21အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။ 22သူ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို၊ လူ​မ​နေ​သော အ​ရပ်​သို့​ဆောင်​သွား​သော​ထို​ဆိတ်​ကို တော၌​လွှတ်​လိုက်​ရ​မည်။ 23တစ်​ဖန် အာ​ရုန်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့ အ​ရင်​ဝင်​သော​အ​ခါ၊ ဝတ်​သော​ပိတ်​ချော​အ​ဝတ်​ကို​ချွတ်၍ ထို​အ​ရပ်၌​ထား​ရ​မည်။ 24သန့်​ရှင်း​ရာ​ဌာ​န၌ ကိုယ်​ကို​ရေ​ချိုး၍၊ မိ​မိ​အ​ဝတ်​ကို​ဝတ်​ပြီး​မှ တစ်​ဖန်​ထွက်​လာ၍၊ မိ​မိ​မီး​ရှို့​ရာ​ယဇ်၊ လူ​များ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ မိ​မိ​အ​ဖို့​နှင့် လူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။ 25အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ဆီ​ဥ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ 26လွတ်​လပ်​လ​ဟာ​သို့ ဆိတ်​ကို​လွှတ်​လိုက်​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။ 27သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဆောင်​သွင်း​သော အ​သွေး​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ တပ်​ပြင်​သို့​ယူ​သွား၍ အ​ရေ၊ အ​သား၊ ချေး​နု​ကို မီး​ရှို့​ရ​မည်။ 28မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။
အ​ပြစ်​ဖြေရာ​နေ့​ကို​စောင့်​ထိန်း​ခြင်း
29သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဟူ​မူ​ကား၊ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၌ အ​လုပ်​ကို​အ​လျှင်း​မ​လုပ်၊ ခြိုး​ခြံ​စွာ​ကျင့်​လျက်​နေ​ရ​ကြ​မည်။ 30အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် ကင်း​စင်​မည်​အ​ကြောင်း၊ ထို​နေ့​ရက်၌ ယဇ်​ပု​ရော​ဟိတ်​သည် သင်​တို့​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ 31ထို​နေ့​ရက်​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​တို့​ငြိမ်​ဝပ်​ရာ​ဥ​ပုသ်​နေ့၊ ခြိုး​ခြံ​စွာ​ကျင့်​ရ​သော​နေ့​ဖြစ်​သ​တည်း။ 32အ​ဘ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ အ​ရင်​ယဇ်​ပု​ရော​ဟိတ်​လက်​မှ ဘိ​သိက်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ခံ​သော​သူ​သည်၊ ထို​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော ပိတ်​ချော​အ​ဝတ်​ကို​ဝတ်၍၊ 33သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖို့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။ 34ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း၊ သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အာ​ရုန်​ပြု​လေ၏။

လက်ရှိရွေးချယ်ထားမှု

ဝတ်ပြုရာ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။