ရွှေသည် အလွန်သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖောက်ပြန်သည်တကား။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသောလမ်းဝတို့၌ ဖရိုဖရဲ ကွဲပြားလျက်ရှိကြ၏။ အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဖိုးထိုက်သော ဇိအုန်မြို့သားတို့ကို၊ အိုးထိန်းသမားလုပ်သောမြေအိုးကဲ့သို့ မှတ်တတ်သည်တကား။ မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကိုပေး၍ နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုတ်ငှက်ကဲ့သို့ ကြမ်းကြုတ်သောသဘောရှိ၏။ နို့စို့ကလေးသည် နို့ငတ်သောကြောင့်၊ လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကိုတောင်း၍ အဘယ်သူမျှမပေး။ ကောင်းမွန်စွာ စားတတ်သော သူတို့သည် ကိုးကွယ်ရာမရှိ၊ လမ်း၌နေကြ၏။ နီမောင်းသော အိပ်ရာပေါ်မှာ ပျော်မွေ့ဖူးသော သူတို့သည် နောက်ချေးပုံကို ဖက်ရကြ၏။
ယေရမိမြည်တမ်း 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိမြည်တမ်း 4:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ