YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယုဒ 1:8-11

ရှင်ယုဒ 1:8-11 JBMLE

ယ​ခု ယောင်​ယမ်း​သော​အ​ဓ​မ္မ​လူ​တို့​သည်၊ ရှေး​နည်း​တူ မိ​မိ​တို့​ကိုယ်​ကို ညစ်​ညူး​စေ၍၊ အာ​ဏာ​စက်​ကို​ပယ်​လျက်၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ၏။- ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။- ထို​သူ​တို့​မူ​ကား၊ မိ​မိ​တို့​နား​မ​လည်​သော အ​ရာ​များ​ကို ကဲ့​ရဲ့​တတ်​ကြ၏။ တိ​ရ​စ္ဆာန်​ကဲ့​သို့ ပ​က​တိ​အ​တိုင်း မိ​မိ​တို့​နား​လည်​သော အ​ရာ​များ​ဖြင့် မိ​မိ​တို့​ကို ပုပ်​ပျက်​စေ​တတ်​ကြ၏။- သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။