သတ္တမနေ့ နံနက်စောစော မိုးလင်းစကထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်ကြ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်ရကြ၏။ သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အားမြို့ကို ပေးတော်မူမည်။ မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကိုကျိန်၍ ထာဝရဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည့်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သောတမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ရှိသမျှတို့အား အသက်ချမ်းသာပေးရမည်။ သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့်ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကိုသိမ်းယူလျှင် မိမိတို့ကိုလည်းကောင်း၊ ဣသရေလတပ်ကိုလည်းကောင်း အကျိန်ခံစေ၍၊ နှောင့်ယှက်မည်ကို စိုးရိမ်စရာရှိ၏။ ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။
ယောရှု 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 6:15-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ