YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 3

3
ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ခြင်း
1ယော​ရှု​သည် နံ​နက်​စော​စော​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ရှိ​တ္တိမ်​မြို့​မှ​ပြောင်း၍ ယော်​ဒန်​မြစ်​ကို​မ​ကူး​မီ မြစ်​နား​တွင် စ​ခန်း​ချ​ကြ၏။ 2သုံး​ရက်​စေ့​သော​အ​ခါ၊ တပ်​မှူး​တို့​သည် တပ်​တစ်​လျှောက်​လုံး​သို့​သွား၍၊ 3သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။ 4သေ​တ္တာ​တော်​နှင့် သင်​တို့​စပ်​ကြား​ကို အ​တောင်​နှစ်​ထောင်​ခြား၍ ခ​ရီး​ကွာ​စေ​ရ​မည်။ လိုက်​ရ​သော​လမ်း​ကို သိ​မည်​အ​ကြောင်း၊ သေ​တ္တာ​တော်​အ​နီး​သို့ မ​ချဉ်း​ဘဲ​လိုက်​ရ​မည်။ ဤ​လမ်း​သို့ သင်​တို့​သည် တစ်​ခါ​မျှ​မ​လိုက်​ကြ​သေး​ဟု လူ​အ​ပေါင်း​တို့​အား မှာ​ထား​ကြ၏။ 5ယော​ရှု​က​လည်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​တော်​မူ​မည်​ဟု လူ​များ​တို့​အား မှာ​ထား​လေ၏။
6တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​လျက်၊ လူ​များ​ရှေ့​သို့ ကူး​သွား​ကြ​လော့​ဟု ယော​ရှု​ဆို​သည်​အ​တိုင်း သူ​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း၍ လူ​များ​ရှေ့​သို့​သွား​ကြ၏။ 7ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။ 8ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​နား​သို့ ရောက်​သော​အ​ခါ၊ ယော်​ဒန်​မြစ်၌ ရပ်​နေ​ရ​မည်​အ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။ 9ယော​ရှု​က​လည်း၊ လာ​ကြ​လော့။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်​လျက်၊ 10အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​တွင်​ရှိ၍၊ သင်​တို့​ရှေ့​မှ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဟိ​ဝိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို စင်​စစ်​နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း​ကို အ​ဘယ်​သို့​သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ 11မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သင်​တို့​ရှေ့​မှာ၊ ယော်​ဒန်​မြစ်​ထဲ​သို့​ကူး​သွား​လိမ့်​မည်။ 12သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​များ​ထဲ​က တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​တစ်​ဆယ်​နှစ်​ယောက်​တို့​ကို ရွေး​ကောက်​ကြ​လော့။ 13မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​ခြေ​ဖ​ဝါး​တို့​သည်၊ ယော်​ဒန်​မြစ်​ရေ​ကို​နင်း​သော​ခ​ဏ​ချင်း​တွင်၊ မြစ်​ညာ​ရေ​သည် ပြတ်၍ ပုံ့​ပုံ့​ကြွ​လျက်​နေ​လိမ့်​မည်​ဟု ဆို​လေ၏။
14လူ​များ​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​အံ့​သော​ငှာ၊ တဲ​တို့​မှ​ပြောင်း၍ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​များ​ရှေ့​မှာ​သွား​လျက်၊ 15ယော်​ဒန်​မြစ်​နား​သို့​ရောက်၍ ခြေ​ဖ​ဝါး​တို့​သည် လျှံ​သော​ရေ​ကို​နင်း​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ထို​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လေ့​ရှိ​သော်​လည်း၊ 16မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။ 17လူ​များ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ရောက်​မီ​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ မြစ်​အ​လယ်​တွင် မြေ​ပေါ်၌​မြဲ​မြံ​စွာ​နင်း၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌​လျှောက်​သွား​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ယောရှု 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။