YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 24:25-33

ယောရှု 24:25-33 JBMLE

ယော​ရှု​သည် ထို​နေ့၌ လူ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု၍ ရှေ​ခင်​မြို့​မှာ စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို ထား​လေ၏။ ထို​စ​ကား​ကို​လည်း ဘု​ရား​သ​ခင်၏​ဓ​မ္မ​ကျမ်း​စာ၌​ရေး​ထား၍၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​နား​မှာ​ရှိ​သော သ​ပိတ်​ပင်​အောက်၌ ကျောက်​ကြီး​ကို ထောင်​လျက်၊ ဤ​ကျောက်​သည် ငါ​တို့​အား​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သင်​တို့​အား သက်​သေ​ဖြစ်​ရ​လိမ့်​မည်​ဟု လူ​အ​ပေါင်း​တို့​အား​ပြော​ဆို​ပြီး​မှ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​အ​ရပ်​သို့ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​လေ၏။ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။ ယော​ရှု​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​တို့​ကို​သိ၍ ယော​ရှု​မ​ရှိ​သည်​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့​လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော ယော​သပ်၏​အ​ရိုး​တို့​ကို၊ ရှေ​ခင်၏​အ​ဘ ဟာ​မော်၏​သား​တို့​တွင် ငွေ​တစ်​ပိဿာ​နှင့် ယာ​ကုပ်​ဝယ်​သော​ရှေ​ခင်​မြို့​နယ် မြေ​အ​ကွက်၌ သင်္ဂြိုဟ်​ကြ၏။ ထို​မြေ​အ​ကွက်​သည် ယော​သပ်​သား​တို့ အ​မွေ​မြေ​ဖြစ်​သ​တည်း။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​လည်း အ​နိ​စ္စ​ရောက်​လေ၏။ သူ၏​သား​ဖိ​န​ဟတ်​အား လူ​များ​ပေး​ခဲ့​သော ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဖိ​န​ဟတ်​ကုန်း၌ သင်္ဂြိုဟ်​ကြ၏။ ယော​ရှု​မှတ်​စာ​ပြီး၏။