YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 24:19-28

ယောရှု 24:19-28 JBMLE

ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​နိုင်။ ထို​ဘု​ရား​သည် သန့်​ရှင်း​သော​ဘု​ရား၊ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်​တို့ လွန်​ကျူး​ပြစ်​မှား​သော အ​ပြစ်​တို့​ကို သည်း​ခံ​တော်​မ​မူ။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို ဝတ်​ပြု​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ တစ်​ဖန်​လှည့်၍ ညှဉ်း​ဆဲ​ဖျက်​ဆီး​တော်​မူ​မည်​ဟု ဆို​လျှင်၊ လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ခြင်း​ငှာ ထို​ဘု​ရား​ကို ရွေး​ကြ​ပြီ​ဟု ကိုယ်​အ​မှု၌ ကိုယ်​သက်​သေ​ခံ​ကြ​သည်​ဟု​ဆို​လျှင် သူ​တို့​က၊ သက်​သေ​ခံ​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယော​ရှု​က၊ သို့​ဖြစ်​လျှင်၊ သင်​တို့​တွင်​ရှိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို​ပယ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ စိတ်​နှ​လုံး​ကို​ညွှတ်​ကြ​လော့​ဟု ဆို​လေ၏။ လူ​များ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ပါ​မည်။ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟု ဝန်​ခံ​ပြီး​မှ၊ ယော​ရှု​သည် ထို​နေ့၌ လူ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု၍ ရှေ​ခင်​မြို့​မှာ စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို ထား​လေ၏။ ထို​စ​ကား​ကို​လည်း ဘု​ရား​သ​ခင်၏​ဓ​မ္မ​ကျမ်း​စာ၌​ရေး​ထား၍၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​နား​မှာ​ရှိ​သော သ​ပိတ်​ပင်​အောက်၌ ကျောက်​ကြီး​ကို ထောင်​လျက်၊ ဤ​ကျောက်​သည် ငါ​တို့​အား​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သင်​တို့​အား သက်​သေ​ဖြစ်​ရ​လိမ့်​မည်​ဟု လူ​အ​ပေါင်း​တို့​အား​ပြော​ဆို​ပြီး​မှ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​အ​ရပ်​သို့ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။