YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 24:14-31

ယောရှု 24:14-31 JBMLE

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍ ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့်​တ​ကွ ဝတ်​ပြု​ကြ​လော့။ မြစ်​ကြီး​တစ်​ဖက်၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော ဘု​ရား​များ​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊ လူ​များ​တို့​က အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​အ​မှု​သည် အ​ကျွန်ုပ်​တို့​နှင့် ဝေး​ပါ​စေ​သော။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘ​တို့​နှင့် ငါ​တို့​ကို​နုတ်​ဆောင်၍၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ငါ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​ပြီ။ ငါ​တို့​သွား​လေ​ရာ​ရာ​အ​ရပ်၊ လျှောက်​လေ​ရာ​ရာ​လူ​မျိုး​တို့​တွင် စောင့်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဤ​ပြည်၌ နေ​သော​သူ အာ​မော​ရိ​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ပါ​မည်။ ထို​ဘု​ရား​သည် ငါ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​နိုင်။ ထို​ဘု​ရား​သည် သန့်​ရှင်း​သော​ဘု​ရား၊ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်​တို့ လွန်​ကျူး​ပြစ်​မှား​သော အ​ပြစ်​တို့​ကို သည်း​ခံ​တော်​မ​မူ။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို ဝတ်​ပြု​လျှင်၊ သင်​တို့၌ ကျေး​ဇူး​ပြု​တော်​မူ​ပြီး​မှ တစ်​ဖန်​လှည့်၍ ညှဉ်း​ဆဲ​ဖျက်​ဆီး​တော်​မူ​မည်​ဟု ဆို​လျှင်၊ လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ခြင်း​ငှာ ထို​ဘု​ရား​ကို ရွေး​ကြ​ပြီ​ဟု ကိုယ်​အ​မှု၌ ကိုယ်​သက်​သေ​ခံ​ကြ​သည်​ဟု​ဆို​လျှင် သူ​တို့​က၊ သက်​သေ​ခံ​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယော​ရှု​က၊ သို့​ဖြစ်​လျှင်၊ သင်​တို့​တွင်​ရှိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို​ပယ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ စိတ်​နှ​လုံး​ကို​ညွှတ်​ကြ​လော့​ဟု ဆို​လေ၏။ လူ​များ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ပါ​မည်။ စ​ကား​တော်​ကို နား​ထောင်​ပါ​မည်​ဟု ဝန်​ခံ​ပြီး​မှ၊ ယော​ရှု​သည် ထို​နေ့၌ လူ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု၍ ရှေ​ခင်​မြို့​မှာ စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို ထား​လေ၏။ ထို​စ​ကား​ကို​လည်း ဘု​ရား​သ​ခင်၏​ဓ​မ္မ​ကျမ်း​စာ၌​ရေး​ထား၍၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​နား​မှာ​ရှိ​သော သ​ပိတ်​ပင်​အောက်၌ ကျောက်​ကြီး​ကို ထောင်​လျက်၊ ဤ​ကျောက်​သည် ငါ​တို့​အား​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သင်​တို့​အား သက်​သေ​ဖြစ်​ရ​လိမ့်​မည်​ဟု လူ​အ​ပေါင်း​တို့​အား​ပြော​ဆို​ပြီး​မှ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​အ​ရပ်​သို့ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​လေ၏။ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။ ယော​ရှု​လက်​ထက်​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​တို့​ကို​သိ၍ ယော​ရှု​မ​ရှိ​သည်​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့​လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။