YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 24:1-18

ယောရှု 24:1-18 JBMLE

တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ရှေ​ခင်​မြို့၌ စည်း​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော သူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ၏။ ထို​အ​ခါ ယော​ရှု​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​လေ​သည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အာ​ဗြ​ဟံ​နှင့် နာ​ခေါ်​တို့၏ အ​ဘ​တေ​ရ​မှ​စ၍ သင်​တို့​ဘိုး​ဘေး​တို့​သည် ရှေး​ကာ​လ၌ မြစ်​ကြီး​တစ်​ဖက်​မှာ​နေ၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို​ဝတ်​ပြု​ကြ၏။ သင်​တို့​အ​ဘ​အာ​ဗြ​ဟံ​ကို မြစ်​ကြီး​တစ်​ဖက်​မှ ငါ​ခေါ်​ပြီး​လျှင်၊ ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့ ပို့​ဆောင်၍ သူ၏​အ​မျိုး​အ​နွယ်​ကို များ​ပြား​စေ​လျက်၊ ဣ​ဇာက်​ကို​ပေး၏။ ဣ​ဇာက်​အား​လည်း၊ ယာ​ကုပ်​နှင့် ဧ​သော​ကို ငါ​ပေး၍၊ ဧ​သော​အား​လည်း စိ​ရ​တောင်​ကို အ​ပိုင်​ပေး၏။ ယာ​ကုပ်​နှင့် သူ၏​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ သွား​ကြ၏။ မော​ရှေ​နှင့်​အာ​ရုန်​ကို ငါ​စေ​လွှတ်၍ အဲ​ဂု​တ္တု​လူ​တို့၌ ပြု​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​ပြည်​ကို ဆုံး​မ​သော​နောက်၊ သင်​တို့​ကို နုတ်​ဆောင်​လေ၏။ ထို​သို့ သင်​တို့​အ​ဘ​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ဖြင့်၊ သူ​တို့​သည် ဧ​ဒုံ​ပင်​လယ်​သို့​ရောက်၍၊ အဲ​ဂု​တ္တု​လူ​တို့​သည် ရ​ထား​နှင့် မြင်း​စီး​သူ​ရဲ​ပါ​လျက် ထို​ပင်​လယ်​တိုင်​အောင် လိုက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ သင်​တို့​နှင့် အဲ​ဂု​တ္တု​လူ​တို့​စပ်​ကြား​မှာ မှောင်​မိုက်​ကို​ငါ​ထား၍ သူ​တို့​ကို ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၏။ အဲ​ဂု​တ္တု​ပြည်၌ ငါ​ပြု​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ တော၌​လည်း ကာ​လ​ကြာ​မြင့်​စွာ နေ​ရ​ကြ၏။ နောက်​တစ်​ဖန် ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​လူ​တို့​ပြည်​သို့ သင်​တို့​ကို ငါ​ပို့​ဆောင်၍၊ သူ​တို့​သည်​စစ်​တိုက်​သော​အ​ခါ သူ​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၍ သူ​တို့​မြေ​ကို သင်​တို့​သည် သိမ်း​ယူ​ကြ၏။ သူ​တို့​ကို သင်​တို့​ရှေ့​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​လေ၏။ မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်၏​သား​ဗာ​လက်​သည် ထ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သ​ဖြင့်၊ သင်​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ ဗော​ရ၏​သား​ဗာ​လမ်​ကို​ခေါ်​သော​အ​ခါ၊ ဗာ​လမ်၏​စ​ကား​ကို ငါ​နား​မ​ထောင်​သော​ကြောင့်၊ သူ​သည် အ​ထပ်​ထပ်​ကောင်း​ချီး​ပေး၍ သူ့​လက်​မှ သင်​တို့​ကို ငါ​ကယ်​လွှတ်​လေ၏။ တစ်​ဖန် သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​သော​အ​ခါ၊ ယေ​ရိ​ခေါ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် သင်​တို့​ကို​စစ်​တိုက်၍ သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​လေ၏။ သင်​တို့၌ ဓား​နှင့်​လေး​မ​ပါ​ဘဲ၊ သင်​တို့​ရှေ့​မှာ ပျား​တူ​ကို ငါ​စေ​လွှတ်၍၊ အာ​မော​ရိ​မင်း​ကြီး​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​လေ၏။ သင်​တို့​မ​လုပ်​သော​မြေ၊ မ​တည်​သော​မြို့​တို့​ကို ငါ​ပေး၍ သင်​တို့​သည် နေ​ရ​ကြ၏။ ကိုယ်​တိုင်​မ​စိုက်​သော စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို စား​ရ​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍ ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့်​တ​ကွ ဝတ်​ပြု​ကြ​လော့။ မြစ်​ကြီး​တစ်​ဖက်၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော ဘု​ရား​များ​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ​လော့။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊ လူ​များ​တို့​က အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​အ​မှု​သည် အ​ကျွန်ုပ်​တို့​နှင့် ဝေး​ပါ​စေ​သော။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘ​တို့​နှင့် ငါ​တို့​ကို​နုတ်​ဆောင်၍၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ငါ​တို့​မျက်​မှောက်၌ ပြ​တော်​မူ​ပြီ။ ငါ​တို့​သွား​လေ​ရာ​ရာ​အ​ရပ်၊ လျှောက်​လေ​ရာ​ရာ​လူ​မျိုး​တို့​တွင် စောင့်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဤ​ပြည်၌ နေ​သော​သူ အာ​မော​ရိ​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ပါ​မည်။ ထို​ဘု​ရား​သည် ငါ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။