YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 2:1-13

ယောရှု 2:1-13 JBMLE

နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။ ပြည်​သား​အ​ချို့​တို့​က​လည်း၊ ဤ​ပြည်​ကို စူး​စမ်း​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ချို့​တို့​သည် ယ​နေ့​ည​မှာ မြို့​တွင်း​သို့ ဝင်​ပါ​ပြီ​ဟု ယေ​ရိ​ခေါ​မင်း​ကြီး​အား လျှောက်​ကြား​ကြ​သည် ရှိ​သော်၊ ယေ​ရိ​ခေါ​မင်း​ကြီး​သည် ရာ​ခပ်​အား သင့်​ဆီ​သို့ ရောက်​လာ၍၊ သင့်​အိမ်​သို့​ဝင်​သော​သူ​တို့​ကို အပ်​လော့။ သူ​တို့​သည် တစ်​ပြည်​လုံး​ကို​စူး​စမ်း​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု အ​မိန့်​တော်​နှင့် စေ​လွှတ်​လေ၏။ ရာ​ခပ်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​နှင့်​ပြီး​မှ ကျွန်​မ​ဆီ​သို့ လူ​ရောက်​သည်​မှန်​ပါ၏။ သို့​ရာ​တွင် အ​ဘယ်​အ​ရပ်​က​လာ​သည်​ကို မ​သိ​ပါ။ မိုး​ချုပ်၍ တံ​ခါး​ပိတ်​ချိန်​ရှိ​သော​အ​ခါ၊ သူ​တို့​သည် ထွက်​သွား​ကြ​ပါ၏။ အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​သည်​ကို မ​သိ​ပါ။ အ​လျင်​အ​မြန် လိုက်​ကြ​လော့။ မီ​ကောင်း မီ​ပါ​လိမ့်​မည်​ဟု ပြန်​ပြော၏။ သို့​ဆို​သော်​လည်း ထို​သူ​တို့​ကို အိမ်​အ​ပေါ်​သို့ တက်​စေ၍၊ အ​မိုး​ပေါ်​မှာ​ဖြန့်​ထား​သော ပိုက်​ဆန်​ရိုး​ထဲ၌ ဝှက်​ထား​နှင့်​ပြီ။ မင်း​လု​လင်​တို့​သည် ယော်​ဒန်​မြစ်​ကူး​ရာ​လမ်း​သို့ လိုက်​ကြ၏။ မြို့​ပြင်​သို့​ရောက်​ကြ​ပြီး​မှ မြို့​တံ​ခါး​များ​ကို ပိတ်​ကြ၏။ သူ​လျှို​တို့​သည် မ​အိပ်​မီ မိန်း​မ​သည် သူ​တို့​ရှိ​ရာ အိမ်​မိုး​ပေါ်​သို့​တက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ဤ​ပြည်​ကို ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​တို့​ကြောက်​လန့်​အား​ကြီး၍ သင်​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြောင်း​ကို​လည်း​ကောင်း ကျွန်​မ​သိ​ပါ၏။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​အ​ခါ၊ ဧ​ဒုံ​ပင်​လယ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌​နေ၍ သင်​တို့ ရှင်း​ရှင်း​ဖျက်​ဆီး​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌ သင်​တို့​ပြု​သော​အ​မှု​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကြား​ရ​ကြ​ပြီ။ ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်၍ သင်​တို့​ကြောင့် တစ်​စုံ​တစ်​ယောက်​သော​သူ၌​မျှ ရဲ​ရင့်​ခြင်း​သ​တ္တိ အ​လျှင်း​မ​ကျန်​ကြွင်း​ပါ။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက် ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး၌​လည်း​ကောင်း၊ အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့၌ ကျွန်​မ​သည်​ကျေး​ဇူး​ပြု​သော​ကြောင့် သင်​တို့​သည် ကျွန်​မ​ပေါက်​ဖော်​တို့၌ ကျေး​ဇူး​ပြု၍၊ ကျွန်​မ​မိ​ဘ၊ ညီ​အစ်​မ၊ မောင်​အ​စ​ရှိ​သော သူ​တို့​နှင့်​ဆိုင်​သ​မျှ​သော သူ​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​ကြ​ပါ။ မှန်​သော​လ​က္ခ​ဏာ​သက်​သေ​ကို​လည်း ပေး​ခဲ့​ကြ​ပါ​ဟု​ဆို​လျှင်၊