ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အို နေ သင်သည်ဂိဗောင်မြို့၌လည်းကောင်း၊ အို လ သင်သည်အာယလုန်ချိုင့်၌လည်းကောင်း ငြိမ်ဝပ်စွာနေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊ ဣသရေလလူတို့သည် ရန်သူတို့အား အပြစ်ဒဏ်မပေးမီတိုင်အောင် နေသည် ငြိမ်ဝပ်စွာနေ၍ လသည်ရပ်လေ၏။ ယာရှာ၏စာ၌ပါသည်ကား၊ မိုးကောင်းကင်အလယ်၌ နေသည်ရပ်နေ၏။ ဝင်မြဲဝင်အံ့သောငှာ တစ်နေ့လုံးအလျှင်းမပြုဟု ပါသည်မဟုတ်လော။ ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တစ်နေ့မျှ မဖြစ်စဖူး။ နောက်တစ်ဖန်လည်းမဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။
ယောရှု 10 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 10:12-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ