YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 1:5-9

ယောရှု 1:5-9 JBMLE

သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကို သင်​သည် ဤ​လူ​တို့​အား​ဝေ၍ အ​မွေ​ပေး​ရ​မည်။ သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။ ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။ သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

​ယောရှု 1:5-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။