YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောန 4

4
ယော​န​၏​အ​မျက်
1ယော​န​သည် အ​လွန်​စိတ်​ညစ်၍ အ​မျက်​ထွက်​သ​ဖြင့်၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ရှိ​စဉ်၊ ဤ​သို့​ပြော​ပါ​ပြီ​မ​ဟုတ်​လော။ ထို​ကြောင့်၊ ကိုယ်​တော်​ထံ​မှ တာ​ရှု​မြို့​သို့ ကြိုး​စား၍ ပြေး​ပါ၏။ 2ကိုယ်​တော်​သည် သ​နား​စုံ​မက်​တတ်​သော​ဘု​ရား​ဖြစ်၍ စိတ်​ရှည်​သော​သ​ဘော၊ ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ဒဏ်​ပေး​မည့်​အ​မှု​ကို နောင်​တ​ရ​တတ်​သော သ​ဘော​ရှိ​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ၏။#ထွ၊ ၃၄:၆။ 3သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။#၃​ရာ၊ ၁၉:၄။ 4ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​မျက်​ထွက် ကောင်း​သ​လော​ဟု မေး​တော်​မူ၏။
5ယော​န​သည် မြို့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သိ​မြင်​ခြင်း​ငှာ၊ မြို့​ပြင်​သို့​ထွက်၍ မြို့​အ​ရှေ့​မျက်​နှာ၌ တဲ​မိုး​ကို​လုပ်​ပြီး​လျှင်၊ အ​မိုး​အ​ရိပ်​တွင် ထိုင်၍​နေ၏။ 6အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ကြက်​ဆူ​ပင်​ကို ပြင်​ဆင်​ပြီး​လျှင်၊ ယော​န၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ သူ့​ခေါင်း​ပေါ်​မှာ​လွှမ်း၍ မိုး​စေ​တော်​မူ၏။ ထို​အ​ပင်​ကြောင့် ယော​န​သည် အ​လွန် အား​ရ​ဝမ်း​မြောက်၏။ 7နက်​ဖြန်​မိုး​လင်း​သော​အ​ခါ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ပိုး​ကောင်​သည် ကြက်​ဆူ​ပင်​ကို​ကိုက်၍ ညှိုး​နွမ်း​စေ၏။ 8နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။ 9ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ကြက်​ဆူ​ပင်​အ​တွက် အ​မျက်​ထွက်​ကောင်း​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယော​န​က၊ အ​ကျွန်ုပ်​သည် အ​သက်​သေ​သည်​တိုင်​အောင် အ​မျက်​ထွက်​ကောင်း​ပါ​သည်​ဟု လျှောက်​ဆို၏။ 10ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ပင်​ပန်း​စွာ​မ​လုပ်၊ ကြီး​ပွား​စေ​ခြင်း​ငှာ​လည်း မ​ပြု​စု၊ တစ်​ည​ချင်း​တွင် ပေါက်၍ တစ်​ည​ချင်း​တွင် သေ​သော ကြက်​ဆူ​ပင်​ကို နှ​မြော​သည်​တ​ကား။ 11ငါ​သည် များ​စွာ​သော တိ​ရ​စ္ဆာန်​တို့​ကို မ​ဆို၊ ကိုယ်​လက်​ယာ​လက်​နှင့် လက်​ဝဲ​လက်​ကို​မျှ ပိုင်း​ခြား၍ မ​သိ​သော သူ​တစ်​သိန်း​နှစ်​သောင်း​မ​က၊ လူ​များ​သော နိ​နေ​ဝေ​မြို့​ကြီး​ကို ငါ​နှ​မြော​သင့်​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။
ပ​ရော​ဖက်​ယော​န၏​ဝ​တ္ထု​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ယောန 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။