YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောန 3

3
နိ​နေ​ဝေ​မြို့​နောင်​တ​ရ​ခြင်း
1နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယော​န​သို့ ရောက်​လာ​သည်​ကား၊ 2သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​လော့။ ငါ​မှာ​ထား​သည်​အ​တိုင်း ကြွေး​ကြော်​လော့​ဟု မိန့်​တော်​မူ၏။ 3ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း ယော​န​သည် ထ၍ နိ​နေ​ဝေ​မြို့​သို့ သွား၏။ နိ​နေ​ဝေ​မြို့​သည် အ​လွန်​ကြီး​သော​မြို့၊ သုံး​ရက်​ခ​ရီး ကျယ်​ဝန်း​သော​မြို့ ဖြစ်​သ​တည်း။ 4ယော​န​သည် မြို့​ထဲ​သို့​ဝင်၍ တစ်​နေ့​ခ​ရီး​သွား​လျက်၊ အ​ရက်​လေး​ဆယ်​လွန်​သော်၊ နိ​နေ​ဝေ​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ကြွေး​ကြော်​လေ၏။#မ၊ ၁၂:၄၁။ လု၊ ၁၁:၃၂။
5နိ​နေ​ဝေ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကို​ယုံ၍၊ လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​သည် အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြော်​ငြာ၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၏။ 6နိ​နေ​ဝေ​မင်း​ကြီး​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ နန်း​တော်​မှ​ဆင်း၍ မင်း​မြောက်​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ပြာ​ထဲ၌ ထိုင်​တော်​မူ၏။ 7လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​သိုး​နွား​တို့​သည် အ​လျှင်း မ​မြည်​စေ​နှင့်။ အ​စာ​ကို မ​စား၊ ရေ​ကို​မ​သောက်​စေ​နှင့်။ 8လူ​သ​တ္တ​ဝါ တိ​ရ​စ္ဆာန်​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ​စေ။ ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​စေ။ အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း၊ မိ​မိ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ရှောင်​ကြ​စေ။ 9ငါ​တို့​သည် ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်​ပြောင်း​လဲ၍ နောင်​တ​ရ​သ​ဖြင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ကို ငြိမ်း​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း​ဟု မင်း​ကြီး​အာ​ဏာ၊ မှူး​မတ်​အာ​ဏာ​နှင့် နိ​နေ​ဝေ​တစ်​မြို့​လုံး​တွင် သ​တင်း​ကြား​ပြော၍ ကြော်​ငြာ​စေ​တော်​မူ၏။ 10မြို့​သား​တို့​သည် မိ​မိ​တို့​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်၍၊ ကျင့်​သော​အ​ကျင့်​များ​ကို ဘု​ရား​သ​ခင်​သည် မြင်​လျှင်၊ အ​ရင်​ခြိမ်း​သော ဘေး​ဒဏ်​ကို မ​ပေး​ဘဲ​နေ​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယောန 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။