ငါး၏ဝမ်းထဲမှာ နေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူမူကား၊ ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကိုဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နားထောင်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ်ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်းကြပါ၏။ ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကိုခံရသော်လည်း၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြုမြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။ ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှာ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက် ရှိပါ၏။ တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့်မည်။ အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရားကို အောက်မေ့၍၊ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။
ယောန 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောန 2:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ