YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောန 1

1
အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ
1အ​မိ​တ္တဲ၏​သား ယော​န​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊#၄​ရာ၊ ၁၄:၂၅။ 2သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​ပြီး​လျှင်၊ ခြိမ်း​ခြောက်​သော​စ​ကား​နှင့် ကြွေး​ကြော်​လော့။ ထို​မြို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​သည် ငါ့​ရှေ့​သို့ တက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။ 3သို့​သော်​လည်း၊ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ တာ​ရှု​မြို့​သို့ ပြေး​မည့်​အ​ကြံ​ရှိ​သည်​နှင့် ထ​လျက် ယု​ပ္ပေ​မြို့​သို့​သွား၍ ရောက်​သ​ဖြင့်၊ တာ​ရှု​မြို့​သို့​သွား​သော သင်္ဘော​ကို တွေ့​ကြုံ၍ သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ သင်္ဘော​သား​တို့​နှင့်​အ​တူ တာ​ရှု​မြို့​သို့​လိုက်​ခြင်း​ငှာ သင်္ဘော​ကို စီး​လေ၏။ 4ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ပြင်း​စွာ​သော​လေ​ကို ပင်​လယ်​ပေါ်​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်၌ ကြီး​စွာ​သော မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ သင်္ဘော​သည် ပျက်​လု​သော​လ​က္ခ​ဏာ​ရှိ၏။ 5ထို​အ​ခါ သင်္ဘော​သား​တို့​သည် ကြောက်​ရွံ့၍ အ​သီး​အ​သီး မိ​မိ​တို့​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ သင်္ဘော​ပေါ့​စေ​ခြင်း​ငှာ ဝန်​များ​ကို​လည်း ပင်​လယ်​ထဲ​သို့ ပစ်​ချ​ကြ၏။ ယော​န​မူ​ကား၊ သင်္ဘော​ဝမ်း​ထဲ​သို့ ဆင်း၍ အိပ်​ပျော်​လျက်​နေ၏။ 6သင်္ဘော​သူ​ကြီး​သည် လာ၍၊ အို အိပ်​ပျော်​သော​သူ၊ အ​ဘယ်​သို့​နည်း။ ထ​လော့။ သင်၏​ဘု​ရား​ကို ဆု​တောင်း​လော့။ ငါ​တို့​အ​သက်​လွတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​သည် ငါ​တို့​ကို အောက်​မေ့​ကောင်း အောက်​မေ့​လိမ့်​မည်​ဟု ဆို၏။ 7နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။ 8တစ်​ဖန် သူ​တို့​က၊ အ​ဘယ်​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ပြော​ပါ​လော့။ သင်​ဆောင်​ရွက်​သော​အ​မှု​ကား၊ အ​ဘယ်​အ​မှု​နည်း။ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း။ အ​ဘယ်​ပြည်၊ အ​ဘယ်​အ​မျိုး​သား ဖြစ်​သ​နည်း​ဟု မေး​မြန်း​ကြ​သော်၊ 9ငါ​သည် ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်၏။ ရေ​မြေ​ကို ဖန်​ဆင်း​တော်​မူ​သော ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၏​ဟု​ဆို​လျှင်၊ 10ထို​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မေး​ကြ၏။ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မိ​မိ​ပြေး​ကြောင်း​ကို ဖော်​ပြ​သော​ကြောင့် သူ​တို့​သိ​ကြ၏။
11ထို​အ​ခါ ပင်​လယ်၌ လှိုင်း​တံ​ပိုး​သည် တိုး၍​ထ​သော​ကြောင့် သူ​တို့​က၊ ငါ​တို့၌ လှိုင်း​တံ​ပိုး​ငြိမ်း​စေ​ခြင်း​ငှာ သင့်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု​မေး​ကြ​သော်၊ 12ငါ့​ကို​ချီ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ကြ​လော့။ သို့​ပြု​လျှင်၊ လှိုင်း​တံ​ပိုး​သည် သင်​တို့၌ ငြိမ်း​လိမ့်​မည်။ ဤ​ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​သည် ငါ့​ကြောင့်​သာ သင်​တို့​အ​ပေါ်​သို့ ရောက်​သည်​ကို ငါ​သိ၏​ဟု ပြန်​ပြော​သော်​လည်း၊ 13သင်္ဘော​သား​တို့​သည် ကမ်း​သို့​ရောက်​အံ့​သော​ငှာ ပင်​ပန်း​စွာ တက်​ခတ်​ကြ၏။ သို့​ရာ​တွင်၊ သူ​တို့​တစ်​ဖက်၌ လှိုင်း​တံ​ပိုး​တိုး၍ ထ​သော​ကြောင့်၊ သူ​တို့​သည် မ​တတ်​နိုင်​သော​အ​ခါ၊ 14အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် တောင်း​ပန်​ပါ၏။ ဤ​သူ၏​အ​သက်​ကြောင့် အ​ကျွန်ုပ်​တို့​သည် အ​ကျိုး​နည်း​မ​ဖြစ်​ပါ​စေ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက် သတ်​သော​အ​ပြစ်​ကို အ​ကျွန်ုပ်​တို့၌ တင်​တော်​မ​မူ​ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​လို​ရှိ​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​တောင်း​ပန်​ပြီး​မှ၊ 15ယော​န​ကို​ချီ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ကြ၏။ ထို​အ​ခါ ပင်​လယ်​လှိုင်း​တံ​ပိုး​သည် ငြိမ်း​လေ၏။ 16သင်္ဘော​သား​တို့​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကို အ​လွန်​ကြောက်​ရွံ့​သ​ဖြင့် ယဇ်​ပူ​ဇော်၍ သ​စ္စာ​က​တိ​ထား​ကြ၏။
17ယော​န​ကို မျို​စေ​ခြင်း​ငှာ ငါး​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား​ခန့်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ယော​န​သည် ငါး၏​ဝမ်း​ထဲ​မှာ သုံး​ရက်​ပတ်​လုံး နေ​ရ၏။#မ၊ ၁၂:၄၀။

လက်ရှိရွေးချယ်ထားမှု

ယောန 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။