YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 42:1-7

ယောဘ 42:1-7 JBMLE

ယော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပြန်​လျှောက်​သည်​ကား၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကြံ​အ​စည်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။ ပ​ညာ​မ​ရှိ​ဘဲ အ​ကြံ​အ​စည်​တော်​ကို မိုက်​စေ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် နား​မ​လည်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တိုင်​မ​သိ၊ အံ့​ဩ၍​မ​ကုန်​နိုင်​သော အ​ရာ​တို့​ကို​လည်း​ကောင်း ပြော​မိ​ပါ​ပြီ။ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ် လျှောက်​ပါ​မည်။ အ​ကျွန်ုပ်​မေး​လျှောက်​သော အ​ရာ​တို့​ကို သွန်​သင်​တော်​မူ​ပါ။ သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။ ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​အား​မိန့်​တော်​မူ​ပြီး​မှ၊ တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်​အား​လည်း သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​နှစ်​ယောက်​ကို ငါ​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့ သင်​တို့​သည်​မ​ပြော။