YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 38:4-11

ယောဘ 38:4-11 JBMLE

မြေ​ကြီး​အ​မြစ်​ကို ငါ​တည်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ နား​လည်​လျှင် ဖော်​ပြ​လော့။ မြေ​ကြီး​အ​တိုင်း​အ​ရှည် ပ​မာ​ဏ​ကို အ​ဘယ်​သူ စီ​ရင်​သ​နည်း။ နား​လည်​လျှင် ပြော​လော့။ မျဉ်း​ကြိုး​ကို အ​ဘယ်​သူ​တန်း၍ ချ​သ​နည်း။ မြေ​ကြီး​တိုက်​မြစ်​ကို အ​ဘယ်​အ​ရပ်၌ စွဲ​စေ​သ​နည်း။ နံ​နက်​ကြယ်​တို့​သည် တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို၍၊ ဘု​ရား​သ​ခင်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​သ​ဖြင့်၊ ကြွေး​ကြော်​ကြ​စဉ်၊ တိုက်​ထောင့်​အ​ထွတ်​ကျောက်​ကို အ​ဘယ်​သူ​တင်​ထား​သ​နည်း။ သ​မု​ဒ္ဒ​ရာ​သည် အ​မိ​ဝမ်း​ထဲ​က ဖွား၍​ထွက်​လာ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် တံ​ခါး​ပိတ်​နှင့် ပိတ်​ထား​သ​နည်း။ သ​မု​ဒ္ဒ​ရာ​ကို မိုး​တိမ်​နှင့် ငါ​ခြုံ၍ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် ထုပ်​ရစ်​သည်​ကာ​လ၌​လည်း​ကောင်း၊ သင်​သည် ဤ​အ​ရပ်​တိုင်​အောင် လာ​ရ၏။ တိုး၍​မ​လွန်​ရ၊ ဤ​အ​ရပ်၌ သင်၏​ထောင်​လွှား​သော လှိုင်း​တံ​ပိုး​ဆုံး​ရ၏​ဟု ပ​ညတ်​လျက်၊ သ​မု​ဒ္ဒ​ရာ​အ​ပိုင်း​အ​ခြား​ကို ငါ​စီ​ရင်၍၊ တံ​ခါး​ပိတ်​နှင့် ကန့်​လန့်​ကျင်​တို့​ကို ထား​သည်​ကာ​လ၌​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ဝိုင်း၍​ကူ​ညီ​သ​နည်း။