များစွာသောမိုးရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှာ မိုးတိမ်တို့ကို အသံလွှင့်နိုင်သလော။ လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။ ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဉာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုးတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။ မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊ မိုးကောင်းကင်၏ ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။ သင်သည် ခြင်္သေ့မအဖို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံပုတ်အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။ ကျီးအသူငယ်တို့သည် စားစရာမရှိသောကြောင့် လှည့်လည်၍ ဘုရားသခင်ကို အော်ဟစ်သောအခါ၊ စားစရာကို အဘယ်သူပေးသနည်း။
ယောဘ 38 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောဘ 38:34-41
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ