YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 24

24
ကြောက်​မက်​ဖွယ်​သော​လော​က
1အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​ကြောင့်​ကာ​လ​အ​ချိန်​တို့​ကို သို​ထား​တော်​မ​မူ​သ​နည်း။ နား​လည်​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကို အ​ဘယ်​ကြောင့် မ​မြင်​ရ​သ​နည်း။ 2အ​ချို့​သော​သူ​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​တတ်​ကြ၏။ သူ​တစ်​ပါး၏​သိုး​ဆိတ်​တို့​ကို လု​ယူ၍ ကိုယ်​အ​ဖို့ ထိန်း​ကျောင်း​ကြ၏။ 3မိ​ဘ​မ​ရှိ​သော​သူ​ငယ်၏​မြည်း​ကို မောင်း​သွား၍၊ မု​ဆိုး​မ၏​နွား​ကို အ​ပေါင်​ယူ​ကြ၏။ 4ငတ်​မွတ်​သော​သူ​တို့​ကို လမ်း​လွဲ​စေ​ကြ၏။ ဆင်း​ရဲ​သော​ပြည်​သား​တို့​သည် စု​ဝေး၍ ပုန်း​ရှောင်​လျက်​နေ​ရ​ကြ၏။ 5သူ​တို့​သည် အ​လုပ်​လုပ်​ခြင်း​ငှာ တော၌​ရိုင်း​သော​မြည်း​ကဲ့​သို့ ထွက်​ရ​ကြ၏။ စား​စ​ရာ​ကို​ရှာ​ခြင်း​ငှာ နံ​နက်​စော​စော​သွား၍၊ ကိုယ်​အ​ဖို့​နှင့် သား​သ​မီး​တို့​အ​ဖို့​ကို တော၌​တွေ့​ရ​ကြ၏။ 6လယ်​ပြင်၌​ကား၊ ညှဉ်း​ဆဲ​သော​သူ၏​စ​ပါး​ကို ရိတ်၍၊ သူ၏​စ​ပျစ်​သီး​ကို သိမ်း​ရ​ကြ၏။ 7ချမ်း​သော​ကာ​လ၌ ကိုယ်​ကို​ဖုံး​လွှမ်း​စ​ရာ အ​ဝတ်​မ​ရှိ။ အ​ချည်း​စည်း အိပ်​ရ​ကြ၏။ 8တည်း​ခို​စ​ရာ တဲ​မ​ရှိ​သော​ကြောင့်၊ တောင်​ပေါ်၌ မိုး​ရေ​စို​စွတ်​လျက် ကျောက်​ကြား​မှာ ခို​ရ​ကြ၏။ 9အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။ 10အ​ဝတ်​မ​ရှိ အ​ချည်း​စည်း​လှည့်​လည်၍ မွတ်​သိပ်​လျက်၊ သူ​တစ်​ပါး​ကောက်​လှိုင်း​ကို ထမ်း​ရ၏။ 11သူ​တစ်​ပါး​အိမ်​မှာ ဆီ​ကို​ကြိတ်​လျက်၊ စ​ပျစ်​သီး​ကို​နင်း​နယ်​လျက် အ​ငတ်​ခံ​ရ၏။ 12လူ​တို့​သည် မြို့​ထဲ​မှာ ညည်း​တွား​ကြ၏။ နာ​သော​သူ​တို့​သည် အော်​ဟစ်​ကြ၏။ သို့​သော်​လည်း သူ​တို့​ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​သည် ပ​မာ​ဏ​ပြု​တော်​မ​မူ။
13အ​ချို့​သော​သူ​တို့​သည် အ​လင်း​ကို​ဆန့်​ကျင်​ဘက်​ပြု၍ အ​လင်း​သ​ဘော​ကို​မ​သိ။ လင်း​သော​လမ်း​သို့ မ​လိုက်​တတ်​ကြ။ 14လူ​သတ်​သည်​စော​စော​ထ၍ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို သတ်​တတ်၏။ ည​အ​ခါ သူ​ခိုး​လုပ်​တတ်၏။ 15သူ့​မ​ယား​ကို ခိုး​သော​သူ​သည် ညဉ့်​ဦး​ယံ​အ​ချိန်​ကို​မျှော်​လင့်၍၊ မိ​မိ​မျက်​နှာ​ကို​ဖုံး​လျက် အ​ဘယ်​သူ​မျှ​မ​မြင်​ရ​ဟု ဆို​တတ်၏။ 16လူ​ဆိုး​တို့​သည် ည​အ​ချိန်၌ သူ​တစ်​ပါး၏​အိမ်​ကို ဖောက်​ထွင်း​တတ်​ကြ၏။ နေ့​အ​ချိန်၌ ပုန်း​လျက်​နေ၍ အ​လင်း​ကို​ရှောင်​တတ်​ကြ၏။ 17နံ​နက်​ယံ​ကို သေ​မင်း​အ​ရိပ်​ကဲ့​သို့ ထင်​မှတ်၍၊ သေ​မင်း​အ​ရိပ်​ကြောက်​မက်​ဖွယ်​သော ဘေး​တို့​ကို သိ​ရ​ကြ၏။ 18ရေ​ပေါ်​မှာ ပေါ့​ပါး​ကြ၏။ မြေ​ပေါ်​မှာ ကျိန်​ဆဲ​သော​အ​ဖို့​ကို ခံ​ရ၍၊ စ​ပျစ်​ဥ​ယျာဉ်​အ​နီး​သို့ မ​ချဉ်း​ရ​ကြ။ 19မိုး​ရေ​သည် ခန်း​ခြောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ နေ​ပူ​အ​ရှိန်​အား​ဖြင့်​လည်း​ကောင်း၊ ကွယ်​ပျောက်​တတ်​သ​ကဲ့​သို့၊ မ​တ​ရား​သော​သူ​သည် သေ​မင်း​နိုင်​ငံ၌ ကွယ်​ပျောက်​တတ်၏။ 20သူ၏​အ​မိ​သည် သူ့​ကို​မေ့​လျော့၍၊ တီ​ကောင်​တို့​သည် မြိန်​စွာ စား​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ရ။ မ​တ​ရား​သော​သူ​သည် သစ်​ပင်​ကဲ့​သို့ ကျိုး​ရ​လိမ့်​မည်။
21မ​တ​ရား​သော​သူ​သည် သား​မ​ဖွား​သော​မိန်း​မ​ကို ညှဉ်း​ဆဲ​တတ်၏။ မု​ဆိုး​မ​ကို​လည်း ကျေး​ဇူး​မ​ပြု​တတ်။ 22အား​ကြီး​သော​သူ​ကို​ပင် မိ​မိ​တန်​ခိုး​ကြောင့် ပယ်​ရှင်း​တတ်၏။ ထ​သော​အ​ခါ လူ​တိုင်း ကိုယ်​အ​သက်​အ​ဖို့ စိုး​ရိမ်​တတ်၏။ 23သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။ 24ခ​ဏ​ချီး​မြှောက်​ခြင်း​သို့​ရောက်၍ တစ်​ဖန် ကွယ်​ပျောက်​ကြ၏။ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ အ​ခြား​သော​သူ​ကဲ့​သို့ အ​သက်​ချုပ်​ခြင်း​ကို​လည်း​ကောင်း၊ စ​ပါး​နှံ​အ​ဖျား​ကဲ့​သို့ ရိတ်​ဖြတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။ 25သို့​မ​ဟုတ်​လျှင်၊ ငါ၏​မု​သား​အ​ပြစ်​ကို အ​ဘယ်​သူ​ပြ​မည်​နည်း။ ငါ၏​စ​ကား​ကို အ​ဘယ်​သူ​ချေ​မည်​နည်း​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ