YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 23:8-12

ယောဘ 23:8-12 JBMLE

ယ​ခု​မူ​ကား၊ ငါ​တက်​လျှင် ဘု​ရား​သ​ခင်​ရှိ​တော်​မ​မူ။ ဆုတ်​လျှင် ကိုယ်​တော်​ကို မ​ရိပ်​မိ၊ လုပ်​တော်​မူ​ရာ လက်​ဝဲ​ဘက်​သို့​သွား​လျှင် ကိုယ်​တော်​ကို​မ​ဖူး​မ​တွေ့​ရ။ လက်​ယာ​ဘက်၌ ပုန်း​ရှောင်​လျက် နေ​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကို​မ​မြင်​ရ။ သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။ ခြေ​တော်​ရာ​ကို အ​စဉ်​တ​စိုက်​ငါ​လျှောက်​သွား၍၊ ကြွ​တော်​မူ​ရာ​လမ်း​ကို မ​လွှဲ​မ​ရှောင်​လိုက်​ပါ၏။ ထား​တော်​မူ​သော ပ​ညတ်​တို့​ကို ငါ​မ​ပယ်။ နှုတ်​တော်​ထွက်​စ​ကား​တို့​ကို ငါ​ရင်​ခွင်၌ သို​ထား​ပါ၏။