YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘ 20

20
ဆိုး​သွမ်း​မှု​အ​တွက်​ပေး​ဆပ်​ခြင်း
1တစ်​ဖန် နေ​မတ်​အ​မျိုး​သား ဇော​ဖာ​မြွက်​ဆို​သည်​ကား၊ 2ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း၊ ငါ့​စိတ်​နှ​လုံး​သည် နှိုး​ဆော်​သော​ကြောင့်၊ ပြော​ချင်​သော​စိတ်​အား​ကြီး၏။ 3ငါ​သည်​ကိုယ်​ခံ​ရ​သော ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​စ​ကား​ကို​ကြား၍၊ ငါ့​ဉာဏ်​သ​ဘော နှိုး​ဆော်​သ​ဖြင့် ငါ​ပြန်​ပြော​ရ၏။
4ရှေ့​ဦး​စွာ​သော​ကာ​လ၊ လူ​ကို မြေ​ကြီး​ပေါ်​မှာ နေ​ရာ​ချ​စ​ကာ​လ​မှ​စ၍၊ 5ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။ 6သူ၏​ဘုန်း​သည် မိုး​ပေါ်​သို့​တက်၍၊ သူ၏​ခေါင်း​သည် မိုး​တိမ်​တိုင်​အောင် မီ​သော်​လည်း၊ 7မိ​မိ​မ​စင်​ကဲ့​သို့ အ​စဉ်​ပျက်​ရ​လိမ့်​မည်။ သူ့​ကို​မြင်​ဖူး​သော သူ​တို့​က၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ​လိမ့်​မည်။ 8သူ​သည် အိပ်​မက်​ကဲ့​သို့​လွင့်​ပြား၍ နောက်​တစ်​ဖန် မ​တွေ့​ရ။ ည​ရူ​ပါ​ရုံ​ကဲ့​သို့ ကွယ်​ပျောက်​ရ​လိမ့်​မည်။ 9သူ့​ကို​မြင်​ဖူး​သော​မျက်​စိ​သည် နောက်​တစ်​ဖန် သူ့​ကို​မ​ကြည့်​မ​ရှု​ရ။ သူ၏​နေ​ရာ​အ​ရပ်​သည် နောက်​တစ်​ဖန် သူ့​ကို​မ​မြင်​ရ။ 10သူ၏​သား​တို့​သည် ဆင်း​ရဲ​သား​တို့​ကို ဖျောင်း​ဖျ​ရ​ကြ၏။ သို​ထား​သော​ဥ​စ္စာ​ကို ကိုယ်​လက်​နှင့် ပြန်​ပေး​ရ​ကြ၏။ 11သူ၏​အ​ရိုး​တို့​သည် ပျို​သော​အ​ရွယ်၏ အ​ရှိန်​နှင့်​ပြည့်​စုံ​သော်​လည်း၊ သူ​နှင့်​တ​ကွ မြေ​မှုန့်၌ အိပ်​ရ​ကြ​လိမ့်​မည်။ 12သူ​သည်​မိ​မိ​ပါး​စပ်၌ ဒု​စ​ရိုက်​ကို​ချို​နိုး​ထင်၍၊ မိ​မိ​လျှာ​အောက်​မှာ ဝှက်​ထား​လျက်၊ 13နှ​မြော​သ​ဖြင့် မ​စွန့်​ရက်​ဘဲ၊ မိ​မိ​ပါး​စပ်၌ ငုံ​သော်​လည်း၊ 14စား​ပြီး​လျှင် သူ၏​ဝမ်း​ထဲ​မှာ သ​ဘော​ပြောင်း၍ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ဖြစ်​လိမ့်​မည်။ 15သူ​မျို​သော​စည်း​စိမ်​ဥ​စ္စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ ဘု​ရား​သ​ခင်​လည်း သူ့​ကို ဝမ်း​နုတ်​တော်​မူ​မည်။ 16သူ​သည် မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ကို​စို့၍ မြွေ​ဟောက်​ကိုက်​သ​ဖြင့် သေ​ရ​လိမ့်​မည်။ 17အ​သွယ်​သွယ်​သော​မြစ်၊ နို့​နှင့် ပျား​ရည်​စီး​သော​မြစ်​တို့​ကို မ​မြင်​ရ။ 18မိ​မိ​လုပ်၍​ရ​သော​ဥ​စ္စာ​ကို မိ​မိ​မ​သုံး​ဘဲ ပြန်​ပေး​ရ၏။ ပြန်​ပေး​ရ​သော ဥ​စ္စာ​ဖြစ်​သော​ကြောင့် အား​ရ​ခြင်း​မ​ရှိ​ရ။ 19ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​စွန့်​ပစ်၍၊ မိ​မိ မ​ဆောက်​သော​အိမ်​ကို လု​ယူ​သော​ကြောင့်​လည်း​ကောင်း၊ 20လော​ဘ မ​ပြေ​နိုင်​သော​ကြောင့်​လည်း​ကောင်း၊ အ​လို​ရှိ​သော​ဥ​စ္စာ တစ်​စုံ​တစ်​ခု​မျှ​မ​ကြွင်း ဆုံး​ရှုံး​ရ​လိမ့်​မည်။ 21သူ​လု​ယူ​ချင်​သော လော​ဘ​လက်​နှင့် အ​ဘယ်​အ​ရာ​မျှ မ​လွတ်​သော​ကြောင့်၊ သူ၏​စည်း​စိမ်​မ​တည်​ရ။ 22ဥ​စ္စာ​ကြွယ်​ဝ​စဉ်​တွင်​ပင် ဆင်း​ရဲ​ခြင်း​နှင့်​တွေ့၍၊ အ​မျိုး​မျိုး​သော အ​မှု​တို့​သည် ရောက်​ကြ​လိမ့်​မည်။ 23သို့​သော်​လည်း သူ​သည်​ဝ​စွာ​စား​ရ၏။ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​အ​ရှိန်​ကို​လွှတ်၍ သူ​စား​စ​ရာ​ဖို့ အ​မျက်​တော်​မိုး​ကို ရွာ​စေ​တော်​မူ​မည်။ 24သံ​လက်​နက်​ကို ရှောင်၍​ပြေး​သော်​လည်း၊ ကြေး​ဝါ​လေး​ဖြင့် ထုတ်​ချင်း​ခွင်း​လိမ့်​မည်။ 25မြား​ကို​နုတ်​လျှင် မိ​မိ​ကိုယ်​ထဲ​က ထွက်​လာ၏။ အ​ရောင်​တောက်​သော​ဓား​သည် သူ၏​သည်း​ခြေ​ထဲ​က ထွက်​လာ၍၊ သူ​သည် မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။ 26ခပ်​သိမ်း​သော​ဘေး​တို့​သည် သူ့​အ​ဖို့ သို​ထား​လျက်​ရှိ​ကြ၏။ လူ​မ​မွေး​သော​မီး​သည် သူ့​ကို​လောင်​လိမ့်​မည်။ သူ၏​နေ​ရာ၌ ကြွင်း​သ​မျှ​သော အ​ရာ​တို့​ကို လောင်​လိမ့်​မည်။ 27မိုး​ကောင်း​ကင်​သည် သူ၏​အ​ပြစ်​ကို ဖော်​ပြ၍၊ မြေ​ကြီး​သည်​လည်း သူ့​တစ်​ဖက်၌​ထ​လိမ့်​မည်။ 28သူ၏​အိမ်၌​ရှိ​သော ဥ​စ္စာ​သည် ကွယ်​ပျောက်၍၊ အ​မျက်​တော် ထွက်​သော​နေ့၌ ရေ​ကဲ့​သို့​စီး​သွား​လိမ့်​မည်။ 29ထို​သို့​သော​ဆု​လာဘ်​ကို ဘု​ရား​သ​ခင်​သည် လူ​ဆိုး​အား​ပေး​တော်​မူ၏။ ထို​သို့​သော​အ​မွေ​ဥ​စ္စာ​ကို ဘု​ရား​သ​ခင်​ခွဲ​ဝေ​စီ​ရင်​တော်​မူ​သည်​ဟု မြွက်​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ယောဘ 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ