ယောဘအမည်ရှိသောသူ တစ်ယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။ သူ၏ဥစ္စာကား၊ သိုး ခုနစ်ထောင်၊ ကုလားအုတ် သုံးထောင်၊ နွားယှဉ် ငါးရာ၊ မြည်းမ ငါးရာ၊ ငယ်သားအတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာ အရပ်သားတကာတို့ထက် သာ၍ကြီးသောသူ ဖြစ်၏။ ယောဘ၏သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသော နေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်း ခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက် လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။
ယောဘ 1 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောဘ 1:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ