YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9:35-41

ရှင်ယောဟန် 9:35-41 JBMLE

နှင်​ထုတ်​သည်​အ​ကြောင်း​ကို ယေ​ရှု​သည်​ကြား​ပြီး​မှ ထို​သူ​ကို​တွေ့​တော်​မူ​လျှင်၊ သင်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သ​လော​ဟု မေး​တော်​မူ၏။- သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်၏​သား​တော်​ကား အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ သင်​သည် ထို​သူ​ကို​မြင်​ခဲ့​ပြီး​သည်​သာ​မ​က၊ သင်​နှင့် ယ​ခု စ​ကား​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊- သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏​ဟု လျှောက်၍ ညွှတ်​ပျပ်​ကိုး​ကွယ်​လေ၏။- ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။- အ​ထံ​တော်၌​ရှိ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​သည် မျက်​စိ​ကန်း​သ​လော​ဟု မေး​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် မျက်​စိ​ကန်း​သည်​မှန်​လျှင် အ​ပြစ်​မ​ရှိ၊ ငါ​တို့​မျက်​စိ​မြင်​သည်​ဟု ယ​ခု ဆို​ကြ၏။ ထို​ကြောင့် သင်​တို့၌​အ​ပြစ်​တည်​သည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 9:35-41 အကြောင်း ဗီဒီယိုများ

​ရှင်ယောဟန် 9:35-41 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။