YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9:18-41

ရှင်ယောဟန် 9:18-41 JBMLE

ထို​သူ​သည် အ​ထက်​က​မျက်​စိ​မ​မြင်၊ နောက်​မှ​မျက်​စိ​မြင်​သည်​ကို ယု​ဒ​လူ​တို့​သည် မ​ယုံ​ကြ​သ​ဖြင့် သူ၏​မိ​ဘ​ကို​ခေါ်၍၊- ဤ​သူ​သည် သင်​တို့​ဆို​သည်​အ​တိုင်း အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော သင်​တို့၏​သား​မှန်​သ​လော။ သို့​မှန်​လျှင် အ​ဘယ်​သို့ ယ​ခု​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ကြ၏။- မိ​ဘ​တို့​က​လည်း၊ ဤ​သူ​သည် အ​ကျွန်ုပ်​တို့၏ သား​မှန်​သည်​ကို​လည်း​ကောင်း၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။- အ​ဘယ်​ကြောင့် ယ​ခု​မျက်​စိ​မြင်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် သူ၏​မျက်​စိ​ကို​ဖွင့်​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ မ​သိ​ကြ​ပါ။ သူ​သည် အ​သက်​အ​ရွယ်​နှင့်​ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် ကိုယ်​အ​ကြောင်း​ကို ကိုယ်​တိုင်​ပြော​ပါ​လိမ့်​မည်​ဟု ပြန်​ပြော​ကြ၏။- ဤ​သို့​ပြော​သည်​အ​ကြောင်း​ကား၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဝန်​ခံ​သော​သူ​မည်​သည်​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​ရ​မည်​ဟု ယု​ဒ​လူ​တို့​သည် တိုင်​ပင်​စီ​ရင်​နှင့်​ကြ​ပြီ။- ထို​ကြောင့် မိ​ဘ​တို့​က၊ သူ​သည် အ​သက်​အ​ရွယ်​နှင့် ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့​ဟု ယု​ဒ​လူ​တို့​ကို ကြောက်၍ ပြော​ကြ၏။ ထို​ကြောင့်၊ မျက်​စိ​ကန်း​ဖူး​သော​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ ထို​သူ​သည် လူ​ဆိုး​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ၏​ဟု​ဆို​ကြ​လျှင်၊- လူ​ဆိုး​ဖြစ်​သည် မ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ။ အ​ကျွန်ုပ်​သည် အ​ထက်​က​မျက်​စိ​ကန်း၍ ယ​ခု​မျက်​စိ​မြင်​သည် အ​ကြောင်း​တစ်​ခု​ကို အ​ကျွန်ုပ်​သိ​သည်​ဟု​ဆို၏။- တစ်​ဖန်​ထို​သူ​တို့​က၊ သူ​သည်​သင်၌ အ​ဘယ်​သို့​ပြု​သ​နည်း။ သင်၏​မျက်​စိ​ကို အ​ဘယ်​သို့​ဖွင့်​သ​နည်း​ဟု မေး​ကြ​လျှင်၊ အ​ကျွန်ုပ်​တစ်​ခါ​ပြော​ပြီ၊ သင်​တို့​နား​မ​ကြား​ကြ။- အ​ဘယ်​ကြောင့် တစ်​ဖန်​ကြား​ချင်​သ​နည်း။ သူ့​တ​ပည့် ဖြစ်​ချင်​သ​လော​ဟု ဆို​ကြ၏။- ထို​သူ​တို့​က​လည်း၊ သင်​သည် သူ့​တ​ပည့်​ဖြစ်၏။ ငါ​တို့​မူ​ကား မော​ရှေ၏​တ​ပည့်​ဖြစ်​ကြ၏။- ဘု​ရား​သ​ခင်​သည် မော​ရှေ၌ ဗျာ​ဒိတ်​ထား​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ၏။ ထို​သူ​သည် အ​ဘယ်​က ဖြစ်​သည်​ကို မ​သိ​ဟု​ကဲ့​ရဲ့၍ ပြော​ဆို​ကြ​လျှင်၊- သူ​သည် အ​ကျွန်ုပ်​မျက်​စိ​ကို​ဖွင့်​သော်​လည်း အ​ဘယ်​က​ဖြစ်​သည်​ဟု သင်​တို့​မ​သိ​ကြ​သည်​ကို အံ့​ဩ​ဖွယ်​ရှိ၏။- ဘု​ရား​သ​ခင်​သည် လူ​ဆိုး​တို့​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင်​ကို ရို​သေ​လေး​မြတ်၍ အ​လို​တော်​ကို လိုက်​သော​သူ​ဖြစ်​လျှင် ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။- အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​ကို မျက်​စိ​မြင်​စေ​ခြင်း​ငှာ တတ်​နိုင်​သည်​ကို က​မ္ဘာ​ဦး​မှ​စ၍ မ​ကြား​စ​ဖူး။- ထို​သူ​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ဟု ပြော​ဆို၏။- ထို​သူ​တို့​က​လည်း၊ သင်​သည် မွေး​စ​က​ပင် တစ်​ကိုယ်​လုံး၌ ဒု​စ​ရိုက်​အ​ပြစ်​စွဲ​သော​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို ဆုံး​မ​ပါ​သည်​တ​ကား​ဟု ပြော​ဆို​ကြ​ပြီး​လျှင်၊ ထို​သူ​ကို တ​ရား​ဇ​ရပ်​မှ​နှင်​ထုတ်​ကြ၏။ နှင်​ထုတ်​သည်​အ​ကြောင်း​ကို ယေ​ရှု​သည်​ကြား​ပြီး​မှ ထို​သူ​ကို​တွေ့​တော်​မူ​လျှင်၊ သင်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သ​လော​ဟု မေး​တော်​မူ၏။- သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်၏​သား​တော်​ကား အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ သင်​သည် ထို​သူ​ကို​မြင်​ခဲ့​ပြီး​သည်​သာ​မ​က၊ သင်​နှင့် ယ​ခု စ​ကား​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊- သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏​ဟု လျှောက်၍ ညွှတ်​ပျပ်​ကိုး​ကွယ်​လေ၏။- ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။- အ​ထံ​တော်၌​ရှိ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​သည် မျက်​စိ​ကန်း​သ​လော​ဟု မေး​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် မျက်​စိ​ကန်း​သည်​မှန်​လျှင် အ​ပြစ်​မ​ရှိ၊ ငါ​တို့​မျက်​စိ​မြင်​သည်​ဟု ယ​ခု ဆို​ကြ၏။ ထို​ကြောင့် သင်​တို့၌​အ​ပြစ်​တည်​သည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 9:18-41 အကြောင်း ဗီဒီယိုများ