YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9:1-25

ရှင်ယောဟန် 9:1-25 JBMLE

လမ်း၌​သွား​တော်​မူ​စဉ်၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​တစ်​ယောက်​ကို တွေ့​မြင်​သော်​မူ၏။- တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။- ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။- ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- မြေ​ပေါ်​မှာ ထွေး၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​မှ၊ ကန်း​သော​သူ၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး၍၊- သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။ သူ​သည် သူ​တောင်း​စား​ဖြစ်​သည်​ကို အိမ်​နီး​ချင်း​မှ​စ၍ မြင်​ဖူး​သော​သူ​တို့​က၊ ဤ​သူ​သည် ထိုင်၍ တောင်း​သော​သူ မ​ဟုတ်​လော​ဟု ဆို​ကြ၏။- လူ​အ​ချို့​က၊ ဟုတ်​ကဲ့​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း၊ ထို​သူ​နှင့်​တူ​သည်​ဟု ဆို​ကြ၏။ ထို​သူ​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​သူ​ပင်​ဖြစ်​သည်​ဟု ဆို၏။- သူ​တို့​က​လည်း၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​ပွင့်​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊- ထို​သူ​က၊ ယေ​ရှု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ရွှံ့​လုပ်၍ ကျွန်ုပ်​မျက်​စိ​ကို​လူး​ပြီး​မှ၊ ရှိ​လောင်​ရေ​ကန်​သို့​သွား၍ မျက်​စိ​ကို​ဆေး​လော့​ဟု ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​သွား၍​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။- လူ​များ​က​လည်း၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ဟု​ဆို၏။ လူ​များ​သည် မျက်​စိ​ကန်း​ဖူး​သော ထို​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပို့​ကြ၏။- ယေ​ရှု​သည် ရွှံ့​လုပ်၍ သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သော​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်​သ​တည်း။- တစ်​ဖန်​ဖာ​ရိ​ရှဲ​တို့​က၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ပြန်​လျှင်၊ အ​ကျွန်ုပ်​မျက်​စိ၌ သူ​သည် ရွှံ့​ကို​ထည့်၍ အ​ကျွန်ုပ်​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။- ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။- တစ်​ဖန် မျက်​စိ​ကန်း​ဖူး​သော​သူ​အား၊ သင်၏​မျက်​စိ​ကို ဖွင့်​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု မေး​ကြ​လျှင်၊ ပ​ရော​ဖက်​ဖြစ်​သည်​ဟု​ဆို၏။ ထို​သူ​သည် အ​ထက်​က​မျက်​စိ​မ​မြင်၊ နောက်​မှ​မျက်​စိ​မြင်​သည်​ကို ယု​ဒ​လူ​တို့​သည် မ​ယုံ​ကြ​သ​ဖြင့် သူ၏​မိ​ဘ​ကို​ခေါ်၍၊- ဤ​သူ​သည် သင်​တို့​ဆို​သည်​အ​တိုင်း အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော သင်​တို့၏​သား​မှန်​သ​လော။ သို့​မှန်​လျှင် အ​ဘယ်​သို့ ယ​ခု​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ကြ၏။- မိ​ဘ​တို့​က​လည်း၊ ဤ​သူ​သည် အ​ကျွန်ုပ်​တို့၏ သား​မှန်​သည်​ကို​လည်း​ကောင်း၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။- အ​ဘယ်​ကြောင့် ယ​ခု​မျက်​စိ​မြင်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် သူ၏​မျက်​စိ​ကို​ဖွင့်​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ မ​သိ​ကြ​ပါ။ သူ​သည် အ​သက်​အ​ရွယ်​နှင့်​ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် ကိုယ်​အ​ကြောင်း​ကို ကိုယ်​တိုင်​ပြော​ပါ​လိမ့်​မည်​ဟု ပြန်​ပြော​ကြ၏။- ဤ​သို့​ပြော​သည်​အ​ကြောင်း​ကား၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဝန်​ခံ​သော​သူ​မည်​သည်​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​ရ​မည်​ဟု ယု​ဒ​လူ​တို့​သည် တိုင်​ပင်​စီ​ရင်​နှင့်​ကြ​ပြီ။- ထို​ကြောင့် မိ​ဘ​တို့​က၊ သူ​သည် အ​သက်​အ​ရွယ်​နှင့် ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့​ဟု ယု​ဒ​လူ​တို့​ကို ကြောက်၍ ပြော​ကြ၏။ ထို​ကြောင့်၊ မျက်​စိ​ကန်း​ဖူး​သော​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ ထို​သူ​သည် လူ​ဆိုး​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ၏​ဟု​ဆို​ကြ​လျှင်၊- လူ​ဆိုး​ဖြစ်​သည် မ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ။ အ​ကျွန်ုပ်​သည် အ​ထက်​က​မျက်​စိ​ကန်း၍ ယ​ခု​မျက်​စိ​မြင်​သည် အ​ကြောင်း​တစ်​ခု​ကို အ​ကျွန်ုပ်​သိ​သည်​ဟု​ဆို၏။

ရှင်ယောဟန် 9:1-25 အကြောင်း ဗီဒီယိုများ

​ရှင်ယောဟန် 9:1-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။