YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 8:31-36

ရှင်ယောဟန် 8:31-36 JBMLE

ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည် ငါ၏​ဒေ​သ​နာ၌ တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ၏။- သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​ဟု၊ ယုံ​ကြည်​သော ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။- ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊- ဒု​စ​ရိုက်​ကို ပြု​သ​မျှ​သော​သူ​တို့​သည် ဒု​စ​ရိုက်​၏​ကျွန်​ဖြစ်၏။- ကျွန်​သည်​ကား အိမ်၌ အ​စဉ်​အ​မြဲ​နေ​သည်​မ​ဟုတ်။ သား​မူ​ကား အ​စဉ်​အ​မြဲ​နေ၏။- ထို​ကြောင့် သား​သည် သင်​တို့​ကို​လွှတ်​လျှင်၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​ကြ​လိမ့်​မည်။