YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 8:12-47

ရှင်ယောဟန် 8:12-47 JBMLE

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​သည် ကိုယ်​အ​ကြောင်း​ကို​သက်​သေ​ခံ၏၊ သင်၏​သက်​သေ​မ​တည်​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း၊ ငါ့​သက်​သေ​တည်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​ဘယ်​အ​ရပ်​က လာ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သင်​တို့​မူ​ကား မ​သိ​ကြ။- သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း စီ​ရင်​တတ်​ကြ၏။ ငါ​မူ​ကား အ​ဘယ်​သူ​ကို​မျှ​မ​စီ​ရင်။- ငါ​သည်​စီ​ရင်​သော်​လည်း ငါ၏​စီ​ရင်​ခြင်း​သည် တည်၏။ အ​ကြောင်း​မူ​ကား။ ငါ​သည် တစ်​ယောက်​တည်း နေ​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ဘက်၌​နေ​တော်​မူ၏။- သက်​သေ​ခံ​နှစ်​ဦး​တို့၏ စ​ကား​သည် တည်​ရ၏​ဟု သင်​တို့ ပ​ည​တ္တိ​ကျမ်း​စာ၌​လာ၏။- ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ​ဖြစ်၏။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ သင်၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ ငါ့​ခ​မည်း​တော်​ကို​လည်း မ​သိ​ကြ။ ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ဤ​စ​ကား​တော်​ကို ဘ​ဏ္ဍာ​တိုက်​မှာ မိ​န့်​မြွက်​တော်​မူ၏။ ကိုယ်​တော်၏​အ​ချိန် မ​စေ့​မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ။ တစ်​ဖန်​ယေ​ရှု​က၊ ငါ​သည်​သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ကိုယ်​အ​ပြစ်၌​လည်း သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။- ယု​ဒ​လူ​တို့​က​လည်း၊ ငါ​သွား​ရာ​အ​ရပ်​သို့​သင်​တို့ မ​ရောက်​နိုင်​ကြ​ဟု သူ​သည်​ဆို​သော်၊ ကိုယ်​အ​သက်​ကို သတ်​မည်​လော​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် အောက်​သား​ဖြစ်​ကြ၏။ ငါ​မူ​ကား အ​ထက်​သား​ဖြစ်​ကြ၏။ သင်​တို့​သည် လော​ကီ​သား ဖြစ်​ကြ၏။ ငါ​မူ​ကား လော​ကီ​သား​မ​ဟုတ်။- ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။- သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။- ခ​မည်း​တော်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကို ထို​သူ​တို့​သည် မ​ရိပ်​မိ​ကြ။- ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။- ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ နှစ်​သက်​တော်​မူ​သော​အ​မှု​ကို အ​စဉ်​မ​ပြတ်​ငါ​ပြု​သည်​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​တော်​ကို မိန့်​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။ ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည် ငါ၏​ဒေ​သ​နာ၌ တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ၏။- သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​ဟု၊ ယုံ​ကြည်​သော ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။- ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊- ဒု​စ​ရိုက်​ကို ပြု​သ​မျှ​သော​သူ​တို့​သည် ဒု​စ​ရိုက်​၏​ကျွန်​ဖြစ်၏။- ကျွန်​သည်​ကား အိမ်၌ အ​စဉ်​အ​မြဲ​နေ​သည်​မ​ဟုတ်။ သား​မူ​ကား အ​စဉ်​အ​မြဲ​နေ၏။- ထို​ကြောင့် သား​သည် သင်​တို့​ကို​လွှတ်​လျှင်၊ သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​ကြ​လိမ့်​မည်။- သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။- ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင့် အ​ထံ​တော်၌ ကြား​ရ​သော​သ​စ္စာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​သူ​တည်း​ဟူ​သော ငါ့​ကို​သတ်​အံ့​သော​ငှာ သင်​တို့​သည် ယ​ခု​ရှာ​ကြံ​ကြ၏။ အာ​ဗြ​ဟံ​သည် ထို​နည်း​တူ​ကျင့်​သည်​မ​ဟုတ်။- သင်​တို့​သည် သင်​တို့​အ​ဘ၏​အ​ကျင့်​ကို ကျင့်​ကြ၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း၊ ငါ​တို့​သည် မျောက်​မ​ထား​သော​အ​မျိုး မ​ဟုတ်။ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့​အ​ဘ​တစ်​ပါး​တည်း​ရှိ​တော်​မူ​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။- အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။- သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။- ငါ​သည်​သ​စ္စာ​စ​ကား​ကို ပြော​သော​ကြောင့် သင်​တို့​မ​ယုံ​ကြ။- ငါ၌ အ​ပြစ်​ရှိ​ကြောင်း​ကို သင်​တို့​တွင် အ​ဘယ်​သူ​ဖော်​ပြ​သ​နည်း။ သ​စ္စာ​စ​ကား​ကို​ငါ​ပြော​သည်​မှန်​လျှင် အ​ဘယ်​ကြောင့်​သင်​တို့ မ​ယုံ​ကြ​သ​နည်း။- ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို နား​ထောင်​တတ်၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​ကြောင့် နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။