YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 8:1-12

ရှင်ယောဟန် 8:1-12 JBMLE

ယေ​ရှု​သည်​လည်း သံ​လွင်​တောင်​သို့ ကြွ​တော်​မူ၏။- နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊- မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​လျက်​နေ​သော မိန်း​မ​တစ်​ယောက်​ကို​တွေ့​လျှင်၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​ခေါ်​ခဲ့၍ အ​လယ်၌​ထား​ပြီး​မှ၊- အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ​သည် မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​စဉ်​တွင်​ပင် တွေ့​မိ​ပါ​သည်။- ထို​သို့​သော​မိန်း​မ​ကို ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်​ဟု မော​ရှေ​သည်​အ​ကျွန်ုပ်​တို့​အား ပ​ညတ်​တ​ရား၌ စီ​ရင်​ထုံး​ဖွဲ့​ပါ​ပြီ။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​မည်​နည်း​ဟု လျှောက်​ကြ၏။- ထို​သို့​လျှောက်​ကြ​သော်၊ ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ စုံ​စမ်း​နှောင့်​ယှက်​သော​အား​ဖြင့် လျှောက်​ကြ၏။ ယေ​ရှု​သည် အောက်​သို့​ငုံ့​လျက် လက်​ညှိုး​တော်​နှင့် မြေ၌​ရေး​သား၍​နေ​တော်​မူ၏။- ထို​သူ​တို့​သည် အ​ထပ်​ထပ်​မေး​လျှောက်​ကြ​သော​အ​ခါ ကိုယ်​ကို​လှန်​တော်​မူ၍၊ သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် ရှေ့​ဦး​စွာ ကျောက်​ခဲ​နှင့်​ပစ်​စေ​ဟု မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​အောက်​သို့​ငုံ့၍ မြေ၌ ရေး​သား​တော်​မူ​ပြန်၏၊ ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။- ထို​အ​ခါ​ယေ​ရှု​သည် ကိုယ်​ကို​လှန်​တော်​မူ​ပြန်၍၊ ထို​မိန်း​မ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​လျှင်၊ အ​ချင်း မိန်း​မ၊ သင့်​ကို အ​ပြစ်​တင်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သင်၏​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​စီ​ရင်​လော ဟု​မေး​တော်​မူ၏။- ထို​မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​မျှ မ​စီ​ရင်​ပါ​သ​ခင်​ဟု လျှောက်၏။ ငါ​သည်​လည်း သင်၏​အ​မှု​ကို မ​စီ​ရင်။ သွား​လော့။ နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။