YouVersion Logo
Search Icon

ရှင်ယောဟန် 8:1, 2, 3, 4, 5, 6, 7, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21, 22, 23, 24, 25, 26, 27, 28, 29, 30

ရှင်ယောဟန် 8:1 JBMLE

ယေ​ရှု​သည်​လည်း သံ​လွင်​တောင်​သို့ ကြွ​တော်​မူ၏။

ရှင်ယောဟန် 8:2 JBMLE

နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့ တစ်​ဖန်​ကြွ​တော်​မူ၍ လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့ လာ​ကြ၏။ ထို​အ​ခါ ထိုင်​တော်​မူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​စဉ်​တွင်၊

ရှင်ယောဟန် 8:3 JBMLE

မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​လျက်​နေ​သော မိန်း​မ​တစ်​ယောက်​ကို​တွေ့​လျှင်၊ ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည်​ခေါ်​ခဲ့၍ အ​လယ်၌​ထား​ပြီး​မှ၊

ရှင်ယောဟန် 8:4 JBMLE

အ​ရှင်​ဘု​ရား၊ ဤ​မိန်း​မ​သည် မှား​ယွင်း​ခြင်း​အ​မှု​ကို ပြု​စဉ်​တွင်​ပင် တွေ့​မိ​ပါ​သည်။

ရှင်ယောဟန် 8:5 JBMLE

ထို​သို့​သော​မိန်း​မ​ကို ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်​ဟု မော​ရှေ​သည်​အ​ကျွန်ုပ်​တို့​အား ပ​ညတ်​တ​ရား၌ စီ​ရင်​ထုံး​ဖွဲ့​ပါ​ပြီ။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ဘယ်​သို့ မိန့်​တော်​မူ​မည်​နည်း​ဟု လျှောက်​ကြ၏။

ရှင်ယောဟန် 8:6 JBMLE

ထို​သို့​လျှောက်​ကြ​သော်၊ ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ စုံ​စမ်း​နှောင့်​ယှက်​သော​အား​ဖြင့် လျှောက်​ကြ၏။ ယေ​ရှု​သည် အောက်​သို့​ငုံ့​လျက် လက်​ညှိုး​တော်​နှင့် မြေ၌​ရေး​သား၍​နေ​တော်​မူ၏။

ရှင်ယောဟန် 8:7 JBMLE

ထို​သူ​တို့​သည် အ​ထပ်​ထပ်​မေး​လျှောက်​ကြ​သော​အ​ခါ ကိုယ်​ကို​လှန်​တော်​မူ၍၊ သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် ရှေ့​ဦး​စွာ ကျောက်​ခဲ​နှင့်​ပစ်​စေ​ဟု မိန့်​တော်​မူ​ပြီး​မှ၊

ရှင်ယောဟန် 8:9 JBMLE

ထို​သူ​တို့​သည်​ကြား​ရ​လျှင် မိ​မိ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​အ​ပြစ်​ကို ဖော်​ပြ​သ​ဖြင့်၊ အ​သက်​ကြီး​သော​သူ​မှ​စ၍ အ​ငယ်​ဆုံး​သော​သူ​တိုင်​အောင် တစ်​ယောက်​နောက်​တစ်​ယောက် ထွက်​သွား​ကြ၏။ ယေ​ရှု​သည် တစ်​ယောက်​တည်း ကျန်​ရစ်​တော်​မူ၍၊ မိန်း​မ​သည် အ​လယ်၌​ရပ်​နေ၏။

ရှင်ယောဟန် 8:10 JBMLE

ထို​အ​ခါ​ယေ​ရှု​သည် ကိုယ်​ကို​လှန်​တော်​မူ​ပြန်၍၊ ထို​မိန်း​မ​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​မြင်​လျှင်၊ အ​ချင်း မိန်း​မ၊ သင့်​ကို အ​ပြစ်​တင်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သင်၏​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​စီ​ရင်​လော ဟု​မေး​တော်​မူ၏။

ရှင်ယောဟန် 8:11 JBMLE

ထို​မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​မျှ မ​စီ​ရင်​ပါ​သ​ခင်​ဟု လျှောက်၏။ ငါ​သည်​လည်း သင်၏​အ​မှု​ကို မ​စီ​ရင်။ သွား​လော့။ နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:12 JBMLE

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:13 JBMLE

ဖာ​ရိ​ရှဲ​တို့​က​လည်း၊ သင်​သည် ကိုယ်​အ​ကြောင်း​ကို​သက်​သေ​ခံ၏၊ သင်၏​သက်​သေ​မ​တည်​ဟု ဆို​ကြ၏။

ရှင်ယောဟန် 8:14 JBMLE

ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း၊ ငါ့​သက်​သေ​တည်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​ဘယ်​အ​ရပ်​က လာ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သင်​တို့​မူ​ကား မ​သိ​ကြ။

ရှင်ယောဟန် 8:15 JBMLE

သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း စီ​ရင်​တတ်​ကြ၏။ ငါ​မူ​ကား အ​ဘယ်​သူ​ကို​မျှ​မ​စီ​ရင်။

ရှင်ယောဟန် 8:16 JBMLE

ငါ​သည်​စီ​ရင်​သော်​လည်း ငါ၏​စီ​ရင်​ခြင်း​သည် တည်၏။ အ​ကြောင်း​မူ​ကား။ ငါ​သည် တစ်​ယောက်​တည်း နေ​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ဘက်၌​နေ​တော်​မူ၏။

ရှင်ယောဟန် 8:17 JBMLE

သက်​သေ​ခံ​နှစ်​ဦး​တို့၏ စ​ကား​သည် တည်​ရ၏​ဟု သင်​တို့ ပ​ည​တ္တိ​ကျမ်း​စာ၌​လာ၏။

ရှင်ယောဟန် 8:18 JBMLE

ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ​ဖြစ်၏။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:19 JBMLE

ထို​သူ​တို့​က​လည်း၊ သင်၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​မ​သိ​ကြ။ ငါ့​ခ​မည်း​တော်​ကို​လည်း မ​သိ​ကြ။ ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:20 JBMLE

ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ဤ​စ​ကား​တော်​ကို ဘ​ဏ္ဍာ​တိုက်​မှာ မိ​န့်​မြွက်​တော်​မူ၏။ ကိုယ်​တော်၏​အ​ချိန် မ​စေ့​မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ။

ရှင်ယောဟန် 8:21 JBMLE

တစ်​ဖန်​ယေ​ရှု​က၊ ငါ​သည်​သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ကိုယ်​အ​ပြစ်၌​လည်း သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:22 JBMLE

ယု​ဒ​လူ​တို့​က​လည်း၊ ငါ​သွား​ရာ​အ​ရပ်​သို့​သင်​တို့ မ​ရောက်​နိုင်​ကြ​ဟု သူ​သည်​ဆို​သော်၊ ကိုယ်​အ​သက်​ကို သတ်​မည်​လော​ဟု ဆို​ကြ၏။

ရှင်ယောဟန် 8:23 JBMLE

ယေ​ရှု​က​လည်း၊ သင်​တို့​သည် အောက်​သား​ဖြစ်​ကြ၏။ ငါ​မူ​ကား အ​ထက်​သား​ဖြစ်​ကြ၏။ သင်​တို့​သည် လော​ကီ​သား ဖြစ်​ကြ၏။ ငါ​မူ​ကား လော​ကီ​သား​မ​ဟုတ်။

ရှင်ယောဟန် 8:24 JBMLE

ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:25 JBMLE

ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။

ရှင်ယောဟန် 8:26 JBMLE

သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:27 JBMLE

ခ​မည်း​တော်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကို ထို​သူ​တို့​သည် မ​ရိပ်​မိ​ကြ။

ရှင်ယောဟန် 8:28 JBMLE

ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။

ရှင်ယောဟန် 8:29 JBMLE

ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ နှစ်​သက်​တော်​မူ​သော​အ​မှု​ကို အ​စဉ်​မ​ပြတ်​ငါ​ပြု​သည်​ဟု မိန့်​တော်​မူ၏။

ရှင်ယောဟန် 8:30 JBMLE

ထို​စ​ကား​တော်​ကို မိန့်​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။