YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 7:25-38

ရှင်ယောဟန် 7:25-38 JBMLE

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​က​လည်း၊ ဤ​သူ​ကို​သတ်​အံ့​သော​ငှာ ရှာ​ကြ​သည်​မ​ဟုတ်​လော။- ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော၍ အ​ဘယ်​မြစ်​တား​ခြင်း​ကို​မျှ မ​ပြု​ကြ​ပါ​တ​ကား၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို မင်း​များ​တို့​သည် အ​မှန်​သိ​ကြ​သ​လော။- သို့​သော်​လည်း ဤ​သူ​သည် အ​ဘယ်​က​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ဘယ်​က​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ရ​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​သိ​ကြ၏။ ငါ​သည် အ​ဘယ်​က ဖြစ်​သည်​ကို​လည်း သိ​ကြ၏။ သို့​သော်​လည်း ငါ​သည် ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။ ထို​သူ​ကို သင်​တို့​မ​သိ​ကြ။- ငါ​မူ​ကား​သိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ၏​အ​ထံ​တော်​မှ ငါ​လာ၏။ သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ၏​ဟု ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင် ကြွေး​ကြော်၍ မိန့်​တော်​မူ​လျှင်၊- ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။- လူ​အ​စု​အ​ဝေး​ထဲ၌ ပါ​သော​လူ​အ​များ​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ဤ​သူ​ပြ​သော နိ​မိတ်​လ​က္ခ​ဏာ​ထက် သာ၍​များ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပြ​တော်​မူ​မည်​လော​ဟု ဆို​ကြ၏။ ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ပြီး​လျှင်၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ထံ​သို့ သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။- ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ​လျှင်၊- ယု​ဒ​လူ​တို့​က၊ ငါ​တို့​ကို​မ​တွေ့​စေ​ခြင်း​ငှာ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​လိမ့်​မည်​နည်း။ ဟေ​လ​သ​လူ​တို့​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​နေ​သော သူ​တို့​ရှိ​ရာ​သို့​သွား၍ ဟေ​လ​သ​လူ​တို့​အား တ​ရား​ဟော​လိမ့်​မည်​လော။- သင်​တို့​သည် ငါ့​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ ဟူ​သော​စ​ကား​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း​ဆို​ကြ၏။ ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။- ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း အ​သက်​ရေ​ထွက်​ရာ စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။