YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 7:1-9

ရှင်ယောဟန် 7:1-9 JBMLE

ထို​နောက်​မှ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်၌ လှည့်​လည်​တော်​မူ၏။ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ယု​ဒ​ပြည်၌ လှည့်​လည်​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။ ယု​ဒ​လူ​တို့၏ သ​ကေ​နေ​ပွဲ​ခံ​ခါ​နီး​တွင်၊- ညီ​တော်​တို့​က၊ သင်​ပြု​သော​အ​မှု​တို့​ကို တ​ပည့်​များ​တို့​သည် မြင်​စေ​ခြင်း​ငှာ ဤ​အ​ရပ်​မှ​ထွက်၍ ယု​ဒ​ပြည်​သို့​ကြွ​ပါ။- ကျော်​စော​ကိ​တ္တိ​ကို အ​လို​ရှိ​သော​သူ​မည်​သည်​ကား မ​ထင်​ရှား​သော​အား​ဖြင့် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​တို့​ကို သင်​သည်​ပြု​လျှင်၊ ဤ​လော​က၌ ကိုယ်​ကို​ထင်​ရှား​စွာ ပြ​ပါ​ဟု၊- မ​ယုံ​ကြည်​သော​ကြောင့် ယေ​ရှု​အား​ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​ဖို့ ခပ်​သိမ်း​သော​အ​ချိန် သင့်​လျက်​ရှိ၏။- လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မုန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့၏​အ​ကျင့်​ဆိုး​ညစ်​ကြောင်း​ကို သက်​သေ​ခံ၏။- ထို​ပွဲ​သို့ သင်​တို့​သွား​ကြ​လော့။- ငါ​မ​သွား​သေး။ ငါ့​အ​ချိန်​မ​ပြည်​စုံ​သေး​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ဂါ​လိ​လဲ​ပြည်​မှာ နေ​တော်​မူ၏။