YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 6:30-59

ရှင်ယောဟန် 6:30-59 JBMLE

ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။- ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။- ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊- သ​ခင်၊ ထို​မုန့်​ကို​အ​ကျွန်ုပ်​တို့​အား အ​စဉ်​မ​ပြတ်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။- သို့​သော်​လည်း​သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။- ခ​မည်း​တော်​သည် ငါ့​အား ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​သည် ငါ​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ လာ​သော​သူ​ကို ငါ​သည်​အ​လျှင်း​မ​ပယ်။- အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။- ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်၏ အ​လို​တော်​ကား၊ ငါ့​အား​ပေး​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​ပျောက်​စေ​ရ​ဘဲ၊ နောက်​ဆုံး​သော​နေ့၌ ထို​သူ​အ​ပေါင်း​တို့​ကို ထ​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​ကို ယု​ဒ​လူ​တို့​က၊- ဤ​သူ​သည် ယော​သပ်၏​သား​ယေ​ရှု​ဖြစ်​သည် မ​ဟုတ်​လော။ သူ၏​မိ​ဘ​ကို ငါ​တို့​သိ​သည်​မ​ဟုတ်​လော။ ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်၏​ဟု သူ​သည်​အ​ဘယ်​သို့​ဆို​ရ​သ​နည်း​ဟု ကဲ့​ရဲ့​ပြစ်​တင်​လျက် ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ့​ကို​အ​ချင်း​ချင်း​ကဲ့​ရဲ့၍ အ​ပြစ်​မ​တင်​ကြ​နှင့်။- ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။- အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ​လိမ့်​မည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ခ​မည်း​တော်​ထံ၌​နား​ထောင်၍ နည်း​ခံ​သော​သူ​မှန်​သ​မျှ​တို့​သည် ငါ့​ထံ​သို့ လာ​ကြ၏။- ထို​သို့​ငါ​ဆို​သော်၊ ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကြွ​လာ​သော​သူ​မှ​တစ်​ပါး တစ်​စုံ​တစ်​ယောက်​သော သူ​သည် ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု မ​ဆို​လို။ ကြွ​လာ​သော​သူ​မူ​ကား၊ ခ​မည်း​တော်​ကို မြင်​ခဲ့​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။- ငါ​သည် အ​သက်​မုန့်​ဖြစ်၏။- သင်​တို့​ဘိုး​ဘေး​များ​သည် တော၌​မ​န္န​ကို​စား​လျက် သေ​ရ​ကြ၏။- ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။- ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် မိ​မိ​အ​သား​ကို ငါ​တို့​စား​စ​ရာ​ဖို့​အ​ဘယ်​သို့ ပေး​နိုင်​သ​နည်း​ဟု အ​ချင်း​ချင်း ငြင်း​ခုံ​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ လူ​သား၏​အ​သား​ကို​မ​စား၊ အ​သွေး​ကို​မ​သောက်​လျှင် သင်​တို့၌ အ​သက်​မ​ရှိ။- ငါ၏​အ​သား​ကို​စား၍ ငါ၏​အ​သွေး​ကို​လည်း သောက်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ ထို​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။- ငါ၏​အ​သား​သည် စား​စ​ရာ​ကောင်း၏။ ငါ၏​အ​သွေး​လည်း သောက်​စ​ရာ​ကောင်း၏။- ငါ၏​အ​သား​အ​သွေး​ကို သောက်​စား​သော​သူ​သည် ငါ၌​တည်၏။ ထို​သူ၌​လည်း ငါ​တည်၏။- အ​သက်​ရှင်​တော်​မူ​သော ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၍၊ ငါ​သည်​ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သည်​နည်း​တူ၊ ငါ့​ကို​စား​သော​သူ​သည် ငါ့​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။- ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊- က​ပေ​ရ​နောင်​မြို့​တ​ရား​ဇ​ရပ်၌ ဩ​ဝါ​ဒ​ပေး​စဉ်​တွင် မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။