YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:2-14

ရှင်ယောဟန် 5:2-14 JBMLE

ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။- ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။ ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။- ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။- နာ​သော​သူ​က​လည်း၊ သ​ခင်၊ ရေ​လှုပ်​ရှား​သော​အ​ခါ ရေ​ကန်​ထဲ​သို့ အ​ကျွန်ုပ်​ကို သွင်း​ထား​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​သွား​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ရှေ့​မှာ ဝင်​တတ်​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊- ခ​ဏ​ချင်း​တွင် ထို​သူ​သည် ပ​က​တိ​အ​ဖြစ်​သို့​ရောက်၍၊ မိ​မိ​အိပ်​ရာ​ကို​ဆောင်​လျက် လှမ်း​သွား၏။ ထို​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​ကြောင့် ယု​ဒ​လူ​တို့​က၊ ဥ​ပုသ်​နေ့​ဖြစ်၏။ အိပ်​ရာ​ကို မ​ဆောင်​အပ်​ဟု ရော​ဂါ​ကင်း​သော သူ​အား​ဆို​ကြ၏။- သူ​က​လည်း၊ အ​ကျွန်ုပ်​ကို ကျန်း​မာ​စေ​သော​သူ​က၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဆို​သည်​ဟု ပြန်​ပြော၏။- ယု​ဒ​လူ​တို့​က​လည်း၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု သင့်​အား​ဆို​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ၏။- ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။ ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။

​ရှင်ယောဟန် 5:2-14 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။