YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:4-19

ရှင်ယောဟန် 4:4-19 JBMLE

ရှ​မာ​ရိ​ပြည်​အ​လယ်၌ လျှောက်​သွား​ရ၏။- ယာ​ကုပ်​သည် မိ​မိ​သား​ယော​သပ်​အား ပေး​သော မြေ​အ​ကွက်​နှင့်​အ​နီး၊ ရှ​မာ​ရိ​နယ်၊ ရှု​ခါ​အ​မည်​ရှိ​သော မြို့​သို့ ရောက်​တော်​မူ၏။- ထို​အ​ရပ်၌ ယာ​ကုပ်၏​ရေ​တွင်း​ရှိ၏။ ယေ​ရှု​သည် ခ​ရီး​သွား၍ ပင်​ပန်း​သော​ကြောင့် ရေ​တွင်း​နား​မှာ ထိုင်​တော်​မူ၏။ ထို​အ​ချိန်​သည် ခြောက်​နာ​ရီ​အ​ချိန်​ဖြစ်၏။ ရှ​မာ​ရိ​မိန်း​မ​တစ်​ယောက်​သည် ရေ​ခပ်​ခြင်း​ငှာ လာ၍၊ ယေ​ရှု​က၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ထို​မိန်း​မ​အား မိန့်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ တ​ပည့်​တော်​တို့​သည် စား​စ​ရာ​ကို​ဝယ်​ခြင်း​ငှာ မြို့​ထဲ​သို့​သွား​ကြ​သည်​အ​ခိုက် ဖြစ်​သ​တည်း။- ထို​မိန်း​မ​က​လည်း၊ သင်​သည်​ယု​ဒ​လူ​ဖြစ်​လျက်​ပင်၊ ရှ​မာ​ရိ​မိန်း​မ​ဖြစ်​သော​အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် သောက်​ဖို့​တောင်း​သ​နည်း​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ယု​ဒ​လူ​တို့​သည် ရှ​မာ​ရိ​လူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​မ​ရှိ။- ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊- မိန်း​မ​က၊ သ​ခင်၌ ရေ​ခပ်​စ​ရာ​မ​ရှိ၊ ရေ​တွင်း​လည်း နက်​သည်​ဖြစ်၍၊ အ​သက်​ရေ​ကို အ​ဘယ်​သို့​ရ​ပါ​မည်​နည်း။- ဤ​ရေ​တွင်း​ကို ငါ​တို့​အ​ဘ​ယာ​ကုပ်​သည် ငါ​တို့​အား ပေး၏။ သူ့​ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​များ​တို့​သည် ဤ​တွင်း​ရေ​ကို သောက်​ကြ​ပြီ။ သ​ခင်​သည် ထို​သူ​ထက် ကြီး​မြတ်​သ​လော​ဟု​ဆို၏။- ယေ​ရှု​က​လည်း၊ ဤ​ရေ​ကို​သောက်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​ဦး​မည်။- ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ သ​ခင်၊ ကျွန်ုပ်​သည် ရေ​ငတ်​ခြင်း​နှင့်​လည်း​ကောင်း၊ သည်​ကို​လာ၍ ရေ​ခပ်​ခြင်း​နှင့်​လည်း​ကောင်း ကင်း​လွတ်​မည်​အ​ကြောင်း ထို​ရေ​ကို​ပေး​ပါ​ဟု တောင်း​လျှင်၊- ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။- မိန်း​မ​က​လည်း၊ အ​ကျွန်ုပ်၌ လင်​မ​ရှိ​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ လင်​မ​ရှိ​ဟူ​သော​စ​ကား​သည် မှန်၏။- အ​ကြောင်း​မူ​ကား၊ သင်၌ လင်​ငါး​ယောက်​ရှိ​ဖူး​ပြီ။ ယ​ခု​သင်​နှင့်​နေ​သော​သူ​သည် သင်၏​လင်​မ​ဟုတ်။ ဤ​အ​ရာ၌ သင်​သည်​မှန်​သော စ​ကား​ကို​ပြော​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။

​ရှင်ယောဟန် 4:4-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။