YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 4:35-38

ရှင်ယောဟန် 4:35-38 JBMLE

ယ​ခု​မှ​စ၍ လေး​လ​လွန်​လျှင်၊ စ​ပါး​ရိတ်​ရာ​ကာ​လ ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​သည် မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား၊ စ​ပါး​ရိတ်​ခြင်း​အ​လို​ငှာ လယ်​ပြင်​တို့​သည် ယ​ခု​ပင်​ဝင်း​ဝင်း​ရှိ​သည်​ကို မျှော်၍​ကြည့်​ကြ​လော့။- စ​ပါး​ရိတ်​သော​သူ​သည် အ​ခ​ကို​ခံ​ရ၍ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ အ​သီး​အ​နှံ​ကို စု​သိမ်း၏။ သို့​ဖြစ်​လျှင် ပျိုး​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​သည် အ​တူ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။- တစ်​ဦး​ကား ပျိုး​ကြဲ၏။ တစ်​ဦး​ကား​စ​ပါး​ရိတ်၏​ဟူ​သော စ​ကား​သည် ဤ​အ​ရာ၌​အ​မှန်​ကျ​သ​တည်း။- သင်​တို့​သည် လယ်​မ​လုပ်​သော​အ​ရပ်၌ စ​ပါး​ရိတ်​စေ​ခြင်း​ငှာ သင်​တို့​ကို​ငါ​စေ​လွှတ်၏။ အ​ခြား​သော သူ​တို့​သည် လယ်​လုပ်​ကြ၍၊ သင်​တို့​သည် ထို​သူ​တို့၏ အ​လုပ်​ထဲ​သို့ ဝင်​ရ​ကြ၏​ဟု မိန့်​တော်​မူ၏။