YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 3:1-6

ရှင်ယောဟန် 3:1-6 JBMLE

ယု​ဒ​လူ​တို့​တွင် အ​ရာ​ရှိ​ဖြစ်​သော နိ​ကော​ဒင်​အ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်၊- ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊- ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။- နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တစ်​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။- ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။

​ရှင်ယောဟန် 3:1-6 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။