YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 21:15-22

ရှင်ယောဟန် 21:15-22 JBMLE

နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။- တစ်​ဖန်​ယေ​ရှု​က၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​တို့​ကို ထိန်း​လော့​ဟု​မိန့်​တော်​မူ၏။- ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​သော်၊ အ​ဘယ်​သို့​သော​သေ​ခြင်း​အား​ဖြင့် ပေ​တ​ရု​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု ပေ​တ​ရု​အား မိန့်​တော်​ပြန်၏။ ယေ​ရှု​ချစ်​တော်​မူ၍ အ​ထက်​က ည​စာ​စား​သော​အ​ခါ၌ ရင်​တော်​ကို​မှီ၍​လျောင်း​လျက်၊ သ​ခင်၊ ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော​တ​ပည့်​တော်​သည်​လည်း နောက်​တော်​သို့ လိုက်​သည်​ကို ပေ​တ​ရု​သည်​လှည့်၍​မြင်​လျှင်၊- သ​ခင်၊ ဤ​သူ၌ အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု မေး​လျှောက်​သော်၊- ယေ​ရှု​က၊ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။

Video for ရှင်ယောဟန် 21:15-22