YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 21:15-17

ရှင်ယောဟန် 21:15-17 JBMLE

နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။- တစ်​ဖန်​ယေ​ရှု​က၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​တို့​ကို ထိန်း​လော့​ဟု​မိန့်​တော်​မူ၏။- ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။

Video for ရှင်ယောဟန် 21:15-17