YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 20:13-18

ရှင်ယောဟန် 20:13-18 JBMLE

ထို​သူ​တို့​က၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ၏​သ​ခင်​ကို ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ​ဟု​ပြော​ဆို၏။- ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​လျှင်၊ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို မ​သိ။- ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ အ​ဘယ်​သူ​ကို ရှာ​သ​နည်း​ဟု မေး​တော်​မူ၏။ မာ​ရိ​က၊ သင်​သည်​သူ့​ကို ဆောင်​သွား​သည်​မှန်​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ ကျွန်​မ ယူ​သွား​ပါ​မည်​အ​ရှင်​ဟု၊ ထို​သူ​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်​ဆို၏။- ယေ​ရှု​က​လည်း၊ မာ​ရိ​ဟု​ခေါ်​တော်​မူ​လျှင်၊ မာ​ရိ​သည်​လှည့်၍ ရ​ဗ္ဗု​နိ​ဟု ထူး​လေ၏။ ရ​ဗ္ဗု​နိ​အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။- ယေ​ရှု​က​လည်း၊ ငါ့​ကို​မ​ဖက်​နှင့်​ဦး။ ငါ​သည် ငါ့​ခ​မည်း​တော်​ထံ​သို့ မ​တက်​ရ​သေး။ ငါ့​ညီ​တို့​ရှိ​ရာ​သို့ သွား​လော့။ ငါ၏​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့၏​ခ​မည်း​တော်၊ ငါ၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့၏ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ငါ​တက်​ရ​မည်​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊- မာ​ဂ​ဒ​လ​မာ​ရိ​သည် သွား၍​မိ​မိ​သည် သ​ခင်​ကို​တွေ့​မြင်​သည်​ကို​လည်း​ကောင်း၊ ထို​သို့​မိန့်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ တ​ပည့်​တော်​တို့​အား ကြား​ပြော​လေ၏။

​ရှင်ယောဟန် 20:13-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။