YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 20:1-9

ရှင်ယောဟန် 20:1-9 JBMLE

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ဆီ​သို့ ပြေး​သွား၍၊ သင်္ချိုင်း​တော်​မှ သ​ခင်​ကို​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ဟု​ပြော​ဆို၏။- ထို​အ​ခါ​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​သည်​ထွက်၍ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။- ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​ပြေး​သည်​တွင် အ​ခြား​သော​တ​ပည့်​တော်​သည် ပေ​တ​ရု​ကို​လွန်၍ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သည်​ရှိ​သော်၊ ငုံ့၍​ကြည့်​သ​ဖြင့်၊- ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ မ​ဝင်​ဘဲ​နေ၏။- ရှိ​မုန်​ပေတ​ရု​သည်​နောက်​သို့​လိုက်၍ ရောက်​သော​အ​ခါ တွင်း​ထဲ​သို့​ဝင်​လျှင်၊ ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို​လည်း​ကောင်း၊- ခေါင်း​တော်၌​ရှိ​သော​ပ​ဝါ​သည် ပိတ်​ပု​ဆိုး​နှင့်​အ​တူ​မ​ရှိ​ဘဲ တ​ခြား​စီ လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။- ထို​အ​ခါ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည် ဝင်၍​မြင်​သ​ဖြင့် ယုံ​လေ၏။- ကိုယ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​ရ​မည်​ဟူ​သော ကျမ်း​စ​ကား​ကို တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ​သေး။

Video for ရှင်ယောဟန် 20:1-9