YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:17-42

ရှင်ယောဟန် 19:17-42 JBMLE

ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။- ထို​အ​ရပ်၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ယောက်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ ထို​သူ​နှစ်​ယောက်​အ​လယ်​မှာ ယေ​ရှု​သည် နေ​ရာ​ကျ​သ​တည်း။- ပိ​လတ်​မင်း​သည်​လည်း က​မ္ပည်း​လိပ်​စာ​ကို​ရေး၍ လက်​ဝါး​ကပ်​တိုင်​တော်၌ တပ်​လေ၏။ လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဟု ရေး​ထား​သ​တည်း။- ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။- ထို​ကြောင့် ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု မ​ရေး​ပါ​နှင့်။ ငါ​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု သူ​ဆို​ကြောင်း​ကို ရေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ပိ​လတ်​မင်း​က၊ ငါ​ရေး​ပြီး​သော​အ​ရာ​ကို ငါ​ရေး​ပြီ​ဟု ပြန်​ဆို၏။ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်၌ ရိုက်​ထား​ပြီး​မှ၊ အ​ဝတ်​တော်​တို့​ကို လေး​ပိုင်း​ပိုင်း၍ တစ်​ယောက်​တစ်​ပိုင်း​စီ ယူ​ကြ​လေ၏။ အ​တွင်း​အင်္ကျီ​တော်​ကား၊ မ​ချုပ်​ဘဲ​လျက် အ​ထက်​စွန်း​မှ​သည် အောက်​စွန်း​တိုင်​အောင် ရက်​သော​အင်္ကျီ​ဖြစ်​သော​ကြောင့်၊- ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။ ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။- ထို​အ​ခါ မယ်​တော်​နှင့် ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် အ​နား​မှာ​ရပ်​နေ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ မယ်​တော်​အား၊ အ​ချင်း​မိန်း​မ၊ သင်၏​သား​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း၊- တ​ပည့်​တော်​အား​လည်း၊ သင်၏​အ​မိ​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ ထို​အ​ခါ​မှ​စ၍ ထို​တ​ပည့်​တော်​သည် မယ်​တော်​ကို မိ​မိ​အိမ်၌ သိမ်း​ထား၏။ ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။- ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။ ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။- ထို​အ​ခါ​စစ်​သူ​ရဲ​တို့​သည် သွား၍ ကိုယ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​နှစ်​ယောက်​တို့၏ ခြေ​ကို​ချိုး​လေ၏။- ယေ​ရှု​ထံ​သို့​ရောက်၍ အ​သက်​မ​ရှိ​ကြောင်း​ကို​မြင်​လျှင် ခြေ​ကို​မ​ချိုး​ဘဲ၊- စစ်​သူ​ရဲ​တစ်​ယောက်​သည် နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​ဖောက်၍ သွေး​နှင့် ရေ​သည် ချက်​ချင်း​ထွက်​လာ၏။- ထို​အ​ကြောင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ၏။ သူ၏​သက်​သေ​ခံ​ချက်​သည်​လည်း မှန်​ပေ၏။ သင်​တို့​သည် ယုံ​ကြည်​မည်​အ​ကြောင်း၊ သူ​ပြော​သော​စ​ကား​မှန်​သည်​ကို သူ​သိ၏။- ထို​အ​ကြောင်း​အ​ရာ​ကား၊ သူ၏​အ​ရိုး​ကို မ​ချိုး​ရ​ဟု ကျမ်း​စာ​လာ​ချက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။- တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော​သူ​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​နောက်​မှ အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည် ယု​ဒ​လူ​တို့​ကို​ကြောက်၍ မ​ထင်​မ​ရှား​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​သွား​မည်​အ​ကြောင်း အ​ခွင့်​တောင်း၏။ ပိ​လတ်​မင်း​အ​ခွင့်​ပေး​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​လေ၏။- အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။- ထို​သူ​တို့​သည် ယေ​ရှု၏​အ​လောင်း​တော်​ကို​ယူ၍၊ ယု​ဒ​လူ​တို့၏ သင်္ဂြိုဟ်​ခြင်း​နှင့်​ဆိုင်​သော​ပြင်​ဆင်​ခြင်း ထုံး​စံ​ရှိ​သည်​အ​တိုင်း နံ့​သာ​မျိုး​နှင့်​တ​ကွ ပိတ်​ပု​ဆိုး​ဖြင့် အ​လောင်း​တော်​ကို ပတ်​ရစ်​ကြ၏။- လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​တွင် ဥ​ယျာဉ်​ရှိ၏။ ထို​ဥ​ယျာဉ်၌ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော သင်္ချိုင်း​တွင်း​သစ်​ရှိ၏။- ယု​ဒ​လူ​တို့၏ အ​ဖိတ်​နေ့​ဖြစ်​သော​ကြောင့်၊ အ​နီး​အ​ပါး​တွင်​ရှိ​သော ထို​သင်္ချိုင်း​တွင်း၌ အ​လောင်း​တော်​ကို​ထား​ကြ၏။